အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Thursday 24 September 2015

Android Lock Screen ကို adb နဲ့ဖြုတ်နည်း


Android ဖုန်းတွေမှာ Lock screen ကျသွား
လို့ရှိရင် များသောအားဖြင့် Factory reset ချ
လိုက်ရတာများပါတယ်။ ဒါပေမယ့် အတွင်းက
USB debugging ကို on ထားရုံနဲ့ Screen lock
ကိုကွန်ပျူတာက Adb command တွေနဲ့
ဖျက်ချလို့ရပါတယ်။

adb command အသုံးပြုမယ့် ကွန်ပျူတာမှာတော့
Adb & fastboot driver သွင်းပြီးသားဖြစ်ရပါမယ်။

ပြီးရင်တော့ ဖုန်းကိုကွန်ပျူတာမှာ ချိတ်လိုက်ပါ။
Driver install လုပ်ပြီး သိသွားပြီဆိုရင်.

Win+R ကိုနှိပ်ပြီး cmd နဲ့ command prompt ခေါ်ပါ။ ပြီးရင်အောက်က command တွေကို
တစ်ကြောင်းချင်းရိုက်ပေးလိုက်ပါ။
အောက်မှာ ပုံနဲ့လည်းပြထားပါတယ်။
adb shell
cd /data/data/com.android.providers.settings/databases
sqlite3 settings.db
update system set value=0 where name='lock_pattern_autolock';
update system set value=0 where name='lockscreen.lockedoutpermanently';
.quit

ဒီ Command ရိုက်ပြီးတာနဲ့ Password ဆိုရင်
ဘာ password ပဲရိုက်ရိုက်. Pattern ဆိုဘာပုံစံပဲ
ဆွဲဆွဲ lock ကပွင့်သွားမှာပါ။

CREDIT Thethtwe



Friday 28 August 2015

Google Play Store နဲ့ ဖုန်း Setting များမှာမြန်မာစာမှန်ကန် အောင်လုပ်နည်း


 မင်္ဂလာပါ ယခုပိုစ့်လေးကတော့ လူတိုင်းစိတ်ဝင်စားမဲ့ နည်းပညာ ပိုစ့်လေးထင်ပါတယ်။ Google Play Store နဲ့ ဖုန်း Setting များမှာမြန်မာစာမှန်ကန် အောင်လုပ်ယူတဲ့နည်းလေးပါ။ တချို့ဖုန်းတွေရဲ့ Setting မှာမြန်မာစာနဂိုထဲကပါလာပြီ မြန်မာစာမမှန်တဲ့ပြက်သနာကို အားလုံးသိမှာပါ။ နောက် Setting မြန်မာစာမှန်ပြီ Play Store မှာမြန်မာစာမှားနေတာတွေလည်း အားလုံးသိမှာပါ။ အဲ့ပြက်သနာတွေကို ဖြေရှင်းဖို့ အခက်တွေ့နေသူများ ယခုပိုစ့်လေးကိုကြည့်၍ ဖြေရှင်းနိုင်ပါတယ်။ တောင်းထားသူကကျနော် Cb များလာတော့ ပြန်ဖြေမပေးနိုင်တော့တာနဲ့ Video တခုနဲ့အစမ်းပုံရိပ်ပြလိုက်ပါတယ်။ နည်းပညာလေ့လာနေသူတွေအတွက်တော့ အသုံးဝင်မှာပါ။ ကဲ ဘာမှထွေထွေထူးထူးမရှင်းပြတော့ပါဘူး။ လိုအပ်သူတွေ Video လေးကိုစိတ်ရှည်စွာကြည့်၍ ကိုယ်တိုင်စမ်းအသုံးပြုနိုင်ပါတယ်။

ဒါကတော့ မြန်မာစာမှန်ကန်အောင်ပြုလုပ်ပေးမည့် ttf Font ၃ ခုပါ။ မိမိအဆင်ပြေတဲ့ဟာနဲ့စမ်းပေါ့။ Zip ဖိုင်နဲ့ပေးထားပါတယ်။ Download Font ttf 

ယခုပိုစ့်မှာလုပ်ပြတဲ့ App ၃ ခုလိုအပ်သူဒေါင်းယူပါ။





အားလုံးအဆင်ပြေကြပါစေ …… သေချာလေးတော့ စိတ်ရှည်စွာလုပ်ပါ။
credit post.By
T.A.K

Wednesday 26 August 2015

tad.g730.mmfi-1 Guitar Old.apk (7.4 MB)


မင်္ဂလာပါ ဒီတခါမှာတော့ Symbol Keyboard လေးတခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ယခုဆော့ဖ်ဝဲကို mod လုပ်ထားသောကြောင့် ထူးခြားသွားတာက ဇော်ဂျီလက်ကွက်ပါလာတာပါပဲ။
Setting/ language and input မှာ ကီးဘုတ်ကိုရွေးပီးတာနဲ့ တန်းမထွက်ပါနဲ့။ ကီးဘုတ်ရဲ့ setting မှာ auto space နဲ့
Show font/suggestion panel ကို အမှတ်ဖြုတ်ထားလိုက်ပါ။ ဒါမှကောင်းပါတယ် မဟုတ်ရင် အပေါ်က auto complete bar တခုပိုနေပီးတော့ စာတွေကိုလည်း autocomplete တွေလိုက်လုပ်နေပါလိမ့်မယ်။ နောက်စိတ်ကြိုက်ပြင်ယူနိုင်တဲ့အပြင် စာလုံးအရောင်တွေ နောက်အစရှိတဲ့ ကီးဘုတ်တခုလုံးကိုအရောင်များနဲ့ လန်းနေအောင်ချိန်ယူနိုင်ပါတယ် စိတ်ဝင်စားသူအောက်က Link မှာ ဒေါင်းယူ၍စမ်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ

                                                         DOWNLOAD


Mod By (ထူးဇော်ဖြိုး)

credit @ T.A.K Android Store နည်းပညာများ

Tuesday 25 August 2015

Faststone capture portable for (pc)


computerအတွက် screen capture , screen recorder , 
လုပ်လို့ရတဲ့ faststone capture လေးကိုတင်ပေးလိုက်ပါ
တယ်ခင်ဗျာ။ဖိုင်ဆိုဒ်သေးသေးလေးနဲ့အသုံပြုရတာ
လဲလွယ်ကူပါတယ်ခင်ဗျ။ အသုံပြုလိုသူများအောက်လခ့်
မယ်ဒေါင်ယူအသုံးနိင်ပါတယ်ခင်ဗျ
FastStone Capture is a powerful, lightweight, yet full-featured screen capture tool and screen video recorder. It allows you to easily capture and annotate anything on the screen including windows, objects, menus, full screen, rectangular / freehand / fixed regions as well as scrolling windows / web pages. It also allows you to record all screen activities including onscreen changes, speech from microphone, mouse movements and clicks into highly compressed video files. You can choose to send captures to editor, file, clipboard, printer, email, Word / PowerPoint document or upload them to your website. Editing tools include annotating (texts, arrowed lines, highlights), resizing, cropping, sharpening, watermarking, applying edge effects and many more. Other features include image scanning, global hotkeys, automatic filename generation, support for external editors, a color picker, a screen magnifier, a screen crosshair and a screen ruler. 

FastStone Capture saves images in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats. Built-in screen recorder saves videos in WMV (Windows Media Video) format.

 



Myo Gyi - Lyrics

 

ဒီ application ကတော့ ကျတော် ကိုမျိုးကြီးကို crazy ဖြစ်လွန်းလို့ ခေါင်းစားခံပြီး အလုပ်တွေမအားတဲ့
ကြားထဲကကြိုးစားပမ်းစားလုပ်ထားတဲ့ app လေးပါ .. ကိုမျိုးကြီးရဲ့ထွက်ခဲ့ပြီးတဲ့ solo album ကိုးခွေထဲက သီချင်းစာသားများအားလုံးပါပါတယ် ... ၂၀၁၄ တည်းကလုပ်နေတာ အခုမှ အချောသပ်နိုင်လို့ အခုမှတင်ပေးဖြစ်တာပါ.. လွတ်လပ်စွာ share လုပ်နိုင်ပါတယ် ... သီချင်းစာသားဓာတ်ပုံတွေကို www.freemyanmarlyrics.com က အဓိကရယူထားပါတယ် .. အဆိုပါ website ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာ ... 
ဒီ app လေးကိုပြီးပြည့်စုံဆုံး lyrics appလေးတခုဖြစ်အောင်ကြိုးစားဖန်တီးထားပါတယ် ... 
ကဲ ကျတော်နဲ့ ရင်ဘတ်ချင်းတူသူများ ၊ ဂစ်တာတီးပြီးသီချင်းညည်းနေကျဘော်ဒါများ ၊ Iron Crosser များအတွက် အောက်မှာ link ပေးထားပါတယ် ...
အမျိုးတွေ ... ကျတော်ကတော့ ကိုမျိုးကြီးသီချင်းတွေဆို အသေကြိုက်ပဲ ..
♪ ဒို့ရှေ့ကလမ်းများ .. ကြမ်းမလား .. သွားစို့ .. ရှေ့ဆက်ကြမယ် .. ♪
 

Myo Gyi - Lyrics
Size - 26.7 MB

(ပုံရဲ့ဘေးအနားသားလေးတွေပျက်နေတယ်လို့ထင်ရရင် screen ကို ၂ ချက်ခေါက်လိုက်ပါ) 

credit@ saw ko ..
https://www.facebook.com/tau.rus.121?fref=nf


Wednesday 12 August 2015

32-bit and 64-bit




ကွန်ပျူတာမှာ 32-bit Windows OS တင်မလား၊
64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။
32bit နဲ့ 64bit Processor
.........................................
Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။
Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။
32bit register သုံးထားတဲ့ processor ကို 32-bit Processor ဟု ခေါ်ပြီး 64bit register သုံး ထားတဲ့ processor ကို 64-bit Processor ဟု ခေါ်ပါတယ်။
Intel မှ ထုတ်သော 80386 မှစပြီး Pentium 4 processor များထိ 32-bit register များကိုအသုံးပြု ထားပါတယ်။ ဒါကြောင့် 32-bit processor နဲ့ တပ်ဆင်ထားတဲ့ Computer များမှာ 32-bit Windows OS နဲ့ Application များကိုသာ Install လုပ်နိုင်ပါတယ်။ 64-bit Windows OS နဲ့ Application များကို Install လုပ်လို့ မရနိုင်ပါဘူး။
Intel ရဲ့ Pentium Dual Core လောက်ကစပြီး ယနေ့အထိ Processor များတွင်တော့ 32bit နဲ့ 64bit register နှစ်မျိုးလုံး ပါရှိတဲ့အတွက် 32-bit OS ပဲဖြစ်ဖြစ်၊ 64-bit OS ပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။
32-bit Windows နှင့် 64-bit Windows
..............................................................
64-bit CPU နဲ့ computer ကို စွမ်းဆောင်ရည် ပိုမို အသုံးချနိုင်ဖို့ 64-bit Windows ကို အသုံးပြုသင့်ပြီး ၎င်း Windows အတွက် 64-bit Driver များ တင်ဖို့ လိုအပ်ပါတယ်။
32-bit Windows ကို သုံးမည်ဆိုပါက CPU တစ်လုံး ကို စွမ်းရည်ပြည့် အသုံးမချသလို ဖြစ်နေပါမယ်။
ယခုနောက်ပိုင်း model မြင့် Laptop တွေအချို့မှာ ဆိုရင် 64-bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32bit အတွက် driver support မလုပ်တော့တာ တွေ့ရပါတယ်။ ၎င်း Laptop များကို 32-bit Windows တင်သုံးလို့ရသော်လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရှိမည် မဟုတ်ပေ။
နောက်ထပ် အရေးကြီးတဲ့အချက်က RAM (memory capacity) နဲ့ ဆက်စပ်မှုပါပဲ။
32-bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင် တဲ့ RAM ပမာဏဟာ 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32-bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြု၍ မရပါ။ (ဥပမာ. 6GB တပ်ထားပါက ပိုတဲ့ 2GB သည် အပို waste ဖြစ်နေပါလိမ့်မည်။)
RAM ကို 4GB ထက်ပိုသုံးထားပါက 64-bit Windows ကိုသာ အသုံးပြုသင့်ပြီး 64-bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။
Computet တစ်လုံးမှာ RAM အများဆုံး တပ်ဆင်နိုင် မှုသည် Motherboard ရဲ့ Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Motherboard chipset ရဲ့ RAM support လုပ်နိုင်မှုသည် 16 GB ဆိုပါက RAM ကို 16GB ထက် ပိုတပ်၍ မရပေ။
Windows 64-bit သုံးမည်ဆိုလျှင် ဆက်စပ် device များအတွက် 64-bit driver များ install လုပ်ရမည် ဖြစ်ပြီး Application များကတော့ 32-bit ရော 64-bit ပါ install လုပ်နိုင်ပါတယ်။ အချို့ Apps များကတော့ 64-bit apps များသာ တင်လို့ ရပါတယ်။
(ဥပမာ. Adobe Premier CS 5 software ဆိုရင် 64-bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။)
64-bit Windows OS အသုံးပြုပါက 3D Game များ၊ 3D Aimation, Graphic app များကို သုံးသည့်အခါ စွမ်းဆောင်ရည် ပိုမိုအသုံးချနိုင်သည့်အတွက် 64-bit Windows OS အသုံးပြုမှုမှာ ပိုမိုတွင်ကျယ်လာပြီး ဖြစ်သည်။
.........................
Ref: wikipedia
Kyaw Kyaw (UniSUN)

Monday 10 August 2015

2 Line Android All -Apk ဆော့ဝဲလ်များစုစည်းမှု့


\

ヅ မင်္ဂလာပါ ヅ ☺
2lines ကို လင်းလင်း စုစည်းပေးလိုက်ပါတယ် အကောင့်2 3ဖွင့်ချင်သူတွေ အတွက် တင်ပေးလိုက်တယ်2lines သုံးနည်းတွေတူတူပါပဲဖုန်းမှာ root ရှိဖို့လို့တယ် Busybox >>inatall လုပ်ပေးရမယ် 2lines>>+add မှာကောင့်ဖွင့်ရမယ် 2lines apkအကုန်လုံး တင်ပေးလိုက်ပါတယ်Pcloud link တွေ ဒေါင်းယူပါ


Credit To  ကို  လင်းလင်း

       2lineswechat apk
ဒေါင်း http://pc.cd/kIoitalK

2lineswa apk
ဒေါင်း http://pc.cd/9OoitalK

2linesvibar apk
ဒေါင်း http://pc.cd/qIoitalK

2linesline apk
ဒေါင်း http://pc.cd/aUoitalK

2linesfb apk
ဒေါင်း http://pc.cd/7IoitalK

2linescoc apk
ဒေါင်း http://pc.cd/HIoitalK

2lineswa apk
ဒေါင်း http://pc.cd/PIoitalK

2lineses apk
ဒေါင်း http://pc.cd/dIoitalK

Busybox pro
ဒေါင်း http://pc.cd/MAoitalK

အဆင်ပြေ ပါစေ။
 >>>>>>>>>>>>>> အိုင်တီလမ်းမှပြန်လည်မျှဝေသည်  <<<<
လင်းလင်းမူရင်း link

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော