အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Wednesday 16 October 2013

internet Download Manager ရဲ့ Speedကိုဘယ်လိုထပ်တိုးမလဲ...

အခုကျနော် တင်ပြမှာကတော့ ကွန်ပြူတာအသုံးပြုသူတိုင်းလိုလို သိထားတဲ့ IDM ရဲ့ Downloadဆွဲအား
ကို မြန်သည်ထက်မြန်အောင် လုပ်နည်းလေးဖြစ်ပါတယ် ဒေါင်းလော့ဆွဲနေတာကို ထိုင်စောင့်နေရတဲ့
အဖြစ်ကလည်း စိတ်ပင်ပန်းတာပါပဲ တစ်ချို့  အင်တာနက်လိုင်းကောင်းတဲ့သူတွေအနေနဲ့ လည်း
လိုင်းကောင်းတယ်ဆိုပေမယ့် IDMကိုပုံမှန်ဆွဲအားအတိုင်းထားတာထက် အခုလိုထပ်တိုးလိုက်မယ်
ဆိုရင်တော့ ဖိုင်ဆိုဒ်ကြီးတွေ ဒေါင်းလော့လုပ်တဲ့အခါမှာ ပိုပြီးအဆင်ပြေတာပေါ့ဗျာ.။
IDMအဆင်မပြေသူများအတွက် နောက်ဆုံးပေါ်Versionလေးကို ဒီနေရာမှာယူလိုက်ပါနော်။

လုပ်နည်းကို ကျနော်ပထမဒီနေရာ မှာတင်ပြခဲ့ဖူးပါတယ်။
အခုလုပ်နည်းက ပိုပြီးသေခြာမယ်ထင်လို့ ပါ.။ကဲ.စမယ်နော်
ပထမနေရာမှာပြခဲ့တဲ့အတိုင်း IDMကိုဖွင့်ပြီး Downloads>>Options>>Connection ကိုသွားပြီး
Connection Type/Speed အောက်က BoxထဲကိုOtherကိုရွေးထားပြီး
ဘေးကBoxထဲမှာ999999 bpsထားလိုက်ပါ။    (1000000မဟုတ်တော့ပါဘူး)
 default Max. Conn. Number ကို16 လို့ ရွေးထားပါ. ပြီးရင်တော့OKနှိပ်လိုက်တော့.။
ထပ်ပြီးတော့ သေခြာအောင် Registry EditထဲမှာIDMရှိတဲ့နေရာကိုသွားပြီး လုပ်ပါအုံးမည်။
ကွန်ပြူတာဘယ်ဘက်အောက်ခြေက Startကိုနှိပ်ပြီးBoxထဲမှာ Runလို့ ရေးပြီးRun Boxကို
ခေါ်ယူလိုက်ပါ။
အောက်ပါပုံအတိုင်းRun Boxထဲမှာ regeditလို့ ရေးပြီးOKနှိပ်လိုက်ပါ
အောက်ပါပုံအတိုင်းHKEY_CURRENT_USERကို၂ချက်ဆက်တိုက်နှိပ်ပြီးဖွင့်ပါ။

ပြီးရင်Softwareဆိုတာကို ထပ်ပြီးဖွင့်ပါ ပြီးရင်အောက်ထဲကDownload Managerဆိုတာကို
ကလစ်တစ်ချက်နှိပ်ပြီးရွေးထားပါ အောက်ကပုံအတိုင်း ဘေးကBoxမှာ Connection Speed
ဆိုတာရှိတယ် တွေ့ အောင်ရှာပါ  Connection Spe...လို့ ပြထားလိမ့်မယ်..

ဟုတ်ပြီ တွေ့ ရင်၂ချက် နှိပ်ပြီးဖွင့်(ဒါမှမဟုတ် ညာကလစ်နှိပ်ပြီး Modify..ကိုနှိပ်လည်းရပါတယ်)
ပြီးရင်တော့ အောက်ပါပုံအတိုင်းDecimalကိုရွေးထားပါ Value data အောက်ကBoxထဲမှာ
999999ဖြစ်နေရပါမယ်..ပြီးရင် OKနှိပ်လိုက်ပါတော့ဗျာ..
ဒီလောက်ဆိုရင်OKမယ်ထင်ပါတယ်..

ဆွမ်တော်ကြီးတင်နဲ့ မီးထွန်းပွဲလိုက်ကြမလား

သီးတင်ဝါလကျွတ်လို့ သက်ကြီးရွယ်အိုးများနှင့် တကွ အမိ အဖ တို့အားရိုသေးရွားကတော့လိုက်တယ်

Tuesday 15 October 2013

C Program to Disable and Enable Usb Port

we can Disable and Enable USB Port. By blocking the usb port we can control whether user to access the machine or not.
ကျနော်အခုတင်ပြမှာကတော့ မိမိကွန်ပြူတာမှာ (ဥပမာ)မိမိကအပြင်ခဏသွားနေတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေရဲ့  မန်မိုရီစတစ် တွေကိုလာပြီးမတပ်စေချင်တာပဲဖြစ်ဖြစ်ပေါ့
ကာကွယ်ထားနည်းလေးပါ USB, pen driveတွေလာထိုးလို့ မရအောင် Disableလုပ်ရန်နှင့် ပြန်ဖွင့်လို့ ရအောင် Enableလုပ်ရန် ဖြစ်ပါတယ်။

ပထမဆုံး နည်းလေးက Notepadထဲမှာ ကုဒ်ထည့်ပြီး  program ၂တစ်ခုကို ကိုယ်တိုင်လုပ်ပါမယ်
disable usb port နှင့် enable usb port ဆိုတဲ့ programလေးနှစ်ဖြစ်ပါတယ်။

ပထမဆုံး USB portတွေကိုပိတ်ဖို့ အတွက် ကုဒ်နဲ့  စတင်ရေးပါတော့မယ်
အောက်ပါ ကုဒ်တွေကိုNotepadထဲမှာ ကူးထည့်လိုက်ပါ။

#include<stdio.h>
void main()
{
system("reg add HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Services\\USBSTOR \/v Start \/t REG_DWORD \/d 4 \/f");
}


ပြီးပြီဆိုရင် Notepadမှာ အပေါ်ကFileကနေ save As..ကိုနှိပ်ပြီး Boxတစ်ခုပေါ်လာရင် File Nameမှာ
 block_usb.c လို့ အမည်ပေးပြီး Saveရမှာပါ။ Fileထားမယ့်နေရာကိုတော့Desktopကိုပဲရွေးထားပေါ့
အောက်ပါပုံကိုကြည့်ပါ


ဒါဆိုရင်Desktopပေါ်မှာ USB blockဆိုတာလေးရောက်နေပါပြီ..USB portတွေကို
ပိတ်ချင်တယ်ဆိုရင်တော့ အဲဒိဟာလေးကိုကလစ်၂ချက်နှိပ်ပြီးဖွင့်လိုက်ပေါ့။
ဟုတ်ပြီး ပိတ်ထားတဲ့ဟာကို ဘယ်လိုပြန်ဖွင့်မလဲဆိုရင် နောက်ထပ် USB Unblock ဆိုတာလေးကို
လုပ်ယူပါမယ် အဲဒိအတွက် အခုနကလိုပဲ Notepadထဲမှာ ကုဒ်ထည့်ပြီးSaveလုပ်ရမှာပါ။
  အောက်ပါ ကုဒ်တွေကို Notepadထဲမှာကူးထည့်လိုက်ပါ..
 #include<stdio.h>
void main()
{
system("reg add HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Services\\USBSTOR \/v Start \/t REG_DWORD \/d 3 \/f");
}


 ပြီးရင်တော့ သူ့ ကို unblock_usb.c ဆိုတဲ့နာမည်နဲ့  Saveရပါမယ်။ ဒါဆိုရင်တော့ programလေး
နှစ်ခုရပြီနော် ပိတ်ချင်ရင် block usb ကိုနှိပ်ပြန်ဖွင့်ချင်ရင်Unblock usbကိုနှိပ်ပေါ့ဗျာ..။

This program tested on XP but not sure about vista & windows 7. You can try this program on your own computer, as I have given the unblock code also
အထက်ပါတင်ပြလိုက်တဲ့ နည်းလမ်းက Window XPသမားတွေအတွက်ပဲ အဆင်ပြေမှာဖြစ်ပါတယ်
အားလုံးအတွက်အဆင်ပြေနိင်ဖို့  အောက်ပါနည်းလမ်းတွေကို လေ့လာပါအုံး။

Logic of the program
The logic of the program is simple. The 'C' source file block_usb.c writes the DWORD value of 4 (100 in binary) in the registry settings at "HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR\Start" to 'lock' the USB ports.

Similarly, in the inverse process, the 'C' source file Unblock_usb.c writes the DWORD value of 3 (011 in binary) in the registry settings at "HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR\Start" to 'unlock' the USB ports.


နောက်တစ်ခုကတော့ လွယ်လွယ်လေးပါ အထက်ပါနည်းလမ်းတွေရဲ့ ဖြတ်လမ်းပေါ့
အထက်က ပြောပြခဲ့တာတွေက စကား၇ှည်တယ်လို့ လည်းမထင်ပါနဲ့ 
မသိသေးတဲ့သူတွေအတွက်ကို ကွေ့ နည်းပတ်နည်းတစ်ချို့ ကိုပြောပြတာပါ
ကုဒ်တွေအကြောင်းကို သိထားတော့ ကောင်းတာပေါ့နော့..။
ဟုတ်ပြီ..အခု programလေးနှစ်ကို Downloadဆွဲပြီး ကွန်ပြူတာထဲမှာသိမ်းထားရအောင်နော်။

ဒီမှာဒေါင်းလော့ရယူပါ


ပြီးရင် ဒေါင်းလော့ ရလာတဲ့RARဖိုင်ကို ဖွင့်လိုက်ပါ။ အထဲမှာ ၂ခုပါတယ်နော်။
အဲဒိကောင်လေး၂ခုကို ကွန်ပြူတာထဲမှာ ကိုယ့်အမှတ်အသားနဲ့ ကိုယ်လုံခြုံအောင် သိမ်းထားပေါ့
အားလုံးပဲ အဆင်ပြေပါစေ။

Sunday 13 October 2013

CCleaner 4.06.4324

www.knonmt.com

CCleaner 4.06.4324 ဆိုပြီးအသစ်ထွက်လာတဲ့ ဆော့ဝဲလေးပါ။ မယူရသေးတဲ့သူတွေယူထားကြနော်
September 25, 2013 ကအသစ်ထွက်တာပါ
လိုချင်ရင် ဒီမှာယူပါ

Title:    CCleaner 4.06.4324
Filename:    ccsetup406.exe
File size:    4.17MB (4,369,632 bytes)
Requirements:    Windows 2000 / XP / Vista / Windows7 / XP64 / Vista64 / Windows7 64 / Windows8 / Windows8 64
Languages:    Multiple languages
License:    Freeware
Date added:    September 25, 2013

Save2PC Ultimate 5.3.3.1447 For Pc 3MB

Save2PC Ultimate အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံးအပ်ဒိတ်လေးပါ
ဒါလေးက Youtube, Facebook, Daily mountain, Vimeo, စတဲ့ နာမည်ကြီး ဆိုဒ်ပေါင်း 40 ကျော်က Video ဖိုင်တွေကို အလွယ်တကူ ဒေါင်းယူနိုင်သလို မိမိတို့ နှစ်သက်တဲ့ file format အဖြစ်ပါတခါတည်း
ပြောင်းလဲပေးနိုင်ပါတယ်။
မှုရင်းဆိုဒ်မှာ (49.95 USD) ဒ်ါလာတန် ဆောစ့်ဝဲလ်လေးဖြစ်ပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>>>trunkize (or)zippyshare(or)mirrorcreator  
လိုင်စင်ထည့်နည်းကတော့ ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် အသုံးမပြုပါနဲ့အုံး 
ပါလာတဲ့ Patch ဖိုင်ကို   C:\Program Files\FDRLab\save2pc အထိသွားပြီးတော့ ထည့်လိုက်ပါ 
patch ဖိုင်ကို ဖွင့်ပြိး patch ကိုကလစ်လိုက်ပါ အဆင်ပြေပါပြီ 
ဂူးဂူးကား နမှုဒေါင်းထားနေတာ မြန်ချက်က ထိုင်ငိုရလောက်တယ်
သူနဲ့ဒေါင်းရင် ကိုယ်နဲ့ တူတူသုံးနေတဲ့ စက် အကုန် လိုင်းကျ ကိုယ်လည်းကျတာပေါ့ 
သူက အကုန်ဆွဲစားလိုက်တာ အမြန်နှုန်းတွေကို :P

အမျိုးကောင်းသား

EagleGet 1.0.9.2 For Win XP / Vista / 7 / 8 (4MB)

ဒီကောင်လေးကတော့ ဒေါင်းလော့မန်နေဂျာနဲ့ အဆင်မပြေတဲ့သူငယ်ချင်းတွေအတွက် 
အိုကေမယ့် ဆောစ့်ဝဲလ်လေးပါ လုပ်ဆောင်ချက်ချင်းကလည်းအတူတူနီးပါးလောက်ပါဘဲ

အဓိက သီချင်းတွေ ဗီဒီယိုတွေ ဒေါင်းချင်တဲ့သူငယ်ချင်းတွေ ဆိုဒ်တော်တော်များများကနေ
ဒေါင်းလို့ရပါတယ် အောက်ကပုံကိုကြည့်ပါ 
ဗီဒီယိုက Play နိုပ်လိုက်တာနဲ့ Download လေးပေါ်လာပြီးတော့ 
ကိုယ်နှစ်သက်တဲ့ အမျိုးစားနဲ့ဒေါင်းနိုင်ပါတယ် 

အခြားဆောစ့်ဝဲလ်ဘာညာတွေကို ဒေါင်းလော့လုပ်ရင်လည်း အောက်ကပုံကိုကြည့်ပါ
အခုလိုမျိုး ပေါ်တယ် Speed လည်းမြန်ပါတယ် 
ဖိုင်ဆိုဒ်က သေးသေးလေးပါဘဲ အောက်မှာရယူနိုင်ပါတယ်
 
အမျိုးကောင်းသား

internet Download Manager speedကိုပုံမှန်ထက်မြန်အောင်လုပ်မယ်

ပုံမှာတွေ့ တဲ့အတိုင်းDownloadဆိုတာကိုနှိပ်ပါ ပြီးရင်အောက်ဆုံးက optionsဆိုတာကိုနှိပ်ပါပြီးရင်


အောက်ပါပုံအတိုင်းဆက်လုပ်ပါ
Connectionဆိုတာကိုရွေးထားပါ ပြီးရင်ပုံပါအတိုင်းလိုအပ်တာတွေကိုဖြည့်လိုက်ပါ ပြီးရင်တော့Okကိုနှိပ်လိုက်
OKသွားလိမ့်မယ်..

ကလစ် ၂ ချက်နှိပ်ရုံနဲ့ဖူးဗားရှင်းဖြစ်တဲ့ IDM

အမြဲတမ်းတင်ပေးနေကျ Just double Click IDM လေးပါ

IDM 6.17.9 ရဲ့ နောက်ဆုံးထွက် update လေးကို Crack တွေ Patch တွေ မသုံးတက်သေးတဲ့

ညီအကို သူငယ်ချင်းများအတွက် အမြန်ဆုံး ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ

Download => Mediafire / Zippyshare

Internet Download Manager v6.17 Built 11 Final Fully Activated

 Internet Download Manager v6.17 Built 11 လေးအသစ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Acivated လုပ်ပြီးသားမို့ key ထည့်ရန် patch လုပ်ရန်မလိုတော့ပါ။ Install ပြီးတာနဲ့ Full အသုံးပြုလို့ရပါပြီ။ Key မထည့်တတ်သော သူငယ်ချင်းတွေအထွက် အဆင်ပြေအောင် Fully Activated ကိုတင်ပေးလိုက်ပါတယ်။
 စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
  အားလုံးအဆင်ပြေပါစေ.......။

Internet Download Manager v6.18 build 2 (9MB)

ဒေါင်းလော့မန်နေဂျာအသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်  အပ်ဒိတ်လေးထွက်လာပါပြီ .....
အသုံးပြုမယ့်သူငယ်ချင်းများ အသစ်မှာဘာတွေပိုလာလည်းသိချင်ရင်
http://www.internetdownloadmanager.com/news.html
မှာလေ့လာနိုင်ပါတယ်
လိုင်စင်ဗားရှင်းဖြစ်ဖို့အတွက် လွယ်လွယ်လေးပါ 
ပါလာတဲ့ဖိုင်လေး ချိန်းပေးပြီး ဖွင့်လိုက်ပါ လိုင်စင်တောင်းရင် 
ပါလာတဲ့ လိုင်စင်ကုတ်နဲ့ ကိုယ်နာမည် ကိုယ်ဂျီမေးထည့်ပေးလိုက်ရင်ရပါပီ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
ပါလာတဲ့ခရက်ဖိုင်ကို ဘယ်နားမှာချိန်းရမလည်းဆိုရင်  
C:\Program Files\Internet Download Manager\ မှာ ဖိုင်ချိန်းရမှာဖြစ်ပါတယ်

PayPal Account လုပ်နည်း

 PayPal Account မဖောက်ခင်
http://makingmoneytutorial.weebly.com မှာသေချာနားလည်အောင်အရင်ဖတ်ပေးပါ..ဒါမှ
PayPal ဆိုတာဘယ်လိုသုံးရတယ်..ဘယ်လိုဖြစ်မှဘယ်လိုသုံးရတယ်နားလည်ပါလိမ့်မယ်။
PayPal Account ဘယ်လိုဖောက်မလဲ.
အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
 
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီနေရာမှာတစ်ခုသတိပေးချင်ပါတယ် မိမိတို့ psaawordပေးတဲ့နေရာမှာ အခက်အခဲရှိတတ်ပါတယ်
စိတ်ရှည်ရှည်နဲ့ လုပ်ပါ ဘာဖြစ်လို့ လဲဆိုတော့ passwordကို သူကရွေးတယ် သူလက်ခံမှရမှာပါ
တစ်ခါနဲ့ မရသေးရင် နောက်ထပ်နာမည် နံဘက်တစ်ခုခုနဲ့ ပြောင်းပြီးထည့်ကြည့်ပါ (ဥပမာ=
Knonmt.com528 အဲလိုမျိုးပေါ့ ရှေ့ ဆုံး(K)တစ်လုံးက အကြီးထားပေးပါ နောက်ကမှ နာမည်တစ်ခုခုနဲ့ 
နံဘက်နဲ့  တွဲထည့်ကြည့်ပါနော် စိတ်ရှည်ပါ
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
 
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
 
ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 
PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။ 
 

Ring Tone ပေါင်း 558 ပုဒ်ကိုစုစည်တင်ပြခြင်း

http://androidspin.com/wp-content/uploads/2013/07/ringtone.jpg
ဒီ Post လေးကိုတော့ ဘော်ဒါတွေတော်တော်များများစိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ အခုတင် ထားပေးတဲ့ Ringtone ပေါင်း 558 ပုဒ်ကတော့ ကျွန်တော်လက်လှမ်းမှီသလောက်စုစည်းတင်ပြပေးလိုက်တာ ပါ။ အခုခေတ်မှာနာမည်ကြီးပြီးလူသုံးများနေတဲ့ Ring Tone တွေလည်းပါဝင်ပါတယ်။ ရှေးဟောင်း Ring Tone များ ၊ ခေတ်ပေါ် Ring Tone များ ၊ English Ring Tone , များနဲ့ ၊ ဟာသ Ring Tone ပေါင်းများစွာပါဝင်ပါတယ် ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

အောက်ပါပုံအတိုင်းဒေါင်းလော့ယူပါ

www.pyaephyo.com

Driver ပေါင်း တစ်သိန်း စုစည်းတင်ပြခြင်း

 http://203.172.169.195/driver/100,000%20DRIVER+%E0%B8%9B%E0%B8%81/Picture%20003.jpg
Driverပေါင်းတစ်သိန်းဆိုကတည်းကိုကService သမားတွေရော
 User တွေပါစိတ်ဝင်စားကြမယ်လို့ထင်ပါ တယ်ဗျာ။ 
တကယ်လည်းစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်လည်းဆိုရင်တော့
 ကွန်ပြူတာမှာအရေးကြီးဆုံးဟာDriverပါဘဲ။Driverမရှိဘူးဆိုရင်တော့အဲဒီကွန်ပြူတာဟာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်အားလုံးအတွက်အသုံးတည့်စေမယ့် Driver ပေါင်းတစ်သိန်းစုစည်းထားတာလေးကို
 ဘော်ဒါကြီး ဦးဦးကောင်းခန့် ဆီကနေ ယူလာတာပါဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Viber Code မရလို့ စိတ်ညစ်နေသူများအတွက် Code စောင့်စရာမလို့တဲ့ Viber လာပါပြီ





ဒီ Viber လေးကတော့ တော်တော်အဆင်ပြေတယ်ဗျာ သိပြီသာသူတွေ မပါဘူးနော် မသိသေးတဲ့ သူများအတွက် ပါ ။ အားလုံးပဲအဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ် ဒီ Viber ကိုပေးတဲ့ MPX ကအကိုတွေကိုလဲ Credit ပေးပါတယ် ။ ... 
ဒီ Viber ရဲ့ အားသာချက်ကတော့ တခြားဘက်က ဖုန်း ခေါ်လာတာကိုလဲ စောင့်စရာမလို့ပါဘူး တခါတည်း Auto Coad တွေဝင်ပြီလုပ်သွားတာပါ။ Viber apk ကို ဒီမှာဒေါင်းပါ >>>> download <<<< ဒေါင်းပြီ ရင် ဖုန်းမှာ install လုပ်ပါ လုပ်နေကြအတိုင်လေးပဲ ဖုန်းနံပါတ်ထည့် ပါ ပြီရင် Continue ကို နိပ်လိုက်ပါ Coad ထည့်ရမယ့်နေရာရောက်ရင် သူဟာသူ Coad တွေထည့်ပြီလုပ်သွားလိမ့်မယ် လွယ်မှလွယ်နော် ဘယ်လောက်မှ မကြာဘူးနော် ။ အားလုံးပဲအဆင်ပြေပါစေဗျာ ။။။။။။။။

ဒီမှာယူပါ

Source by :(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

လျှိုဝှက်ကင်မရာဖြင့် အရိုက်မခံရရန် ကူညီမည့် Phone Application




မိန်းကလေးများ ကိုယ့်ချစ်သူနှင့် တွေ့ဆုံစဉ် လျှိုဝှက်ကင်မရာဖြင့် အရိုက်မခံရရန် ကူညီမည့် Phone Application လွန်ခဲ့တဲ့ ၂၀၁၂ September တုန်းကပေါ့ ချစ်သူလေးနဲ့ အတူတူ လည်ရင်း Youtube Video တစ်ခု ကြည့်ခဲ့ကြတယ်။ 
Love Scence လေးပေါ့ ကောင်လေးနဲ့ ကောင်မလေး နမ်းနေကြတယ် နမ်းရင်း နမ်းရင်း ..............(ဆက်သာဖြည့်တွေး လိုက်ကြပါတော့) မကြာပါဘူး ဖျနးဖျန်းဖျန်းဆိုပြီး ပါးကြီး ၃ချက်ဆင့် ပိတ်ရိုက်တယ် ကောင်မလေးက ကောင်လေးကို ဘာကြောင့်ပါ လိမ့်ပေါ့.. ဘယ်ဟုတ်မလဲ ကောင်မလေးဖုန်းက အသံတွေထမြည်တာ ဘာလို့ မြည်တာတုန်း?? မြည်မှာပေါ့ ....  
ကောင်လေးက အခန်းထဲမှာ ကင်မရာခိုးတပ်ပြီးသူတို့  Love Scence လေးကို လျို့ဝှက်ရိုက်ကူးရေး လုပ်နေတာ အဲဒါကို ကောင်မလေး ဖုန်းထဲမှာ ထည့်ထားတဲ့ Software လေးက ထောက်လှမ်းမိပြီး အချက်ပြ လိုက်တာပေါ့ဗျာ... 
ကဲ - ကိုယ့်ချစ်သူနဲ့ လွတ်လွတ်လပ်လပ် ကဲချင်သူများ... မိသားစုနဲ့ အတူတူ ခရီးထွက်လည်ရင်း ဟော်တယ်မှာ တည်းတဲ့အခါ ကင်မရာရန် ကြောက်သူများ.. Shopping Center တွေမှာ Fitting Room မှာ ၀တ်အစား လဲတဲ့အခါ ကင်မရာရန် ကြောက်သူများ.. ဒီဆော့ဝဲလ်လေးနဲ့  ကူညီပါရစေ..ခင်ဗျား ဆော့ဝဲလ်လေးအား မစသော အက်မင် Hein Thu အားလည်း ကျေးဇူးတင် ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ... 
အောက်မှာရယူနိုင်ပါတယ်။
 

Source by :Admin CLoudy Myanmar IT Group

Android Phone & Tablet အမျိုးပေါင်း 2400 ကျော်ကို Root လုပ်နိုင်သော Software




Android Phone & Tablet အမျိုးပေါင်း 2400 ကျော်ကို Root လုပ်နိုင်သော Software ဗားရှင်း အမြင့် UnlockRoot3.1 ( Android Root Tool ) Android Phone တွေ Root လုပ်ကြတဲ့အထဲမှာ တော်တော် အစွမ်းထက်တဲ့ Root Tool လေးပါ။ UnlockRoot က version တစ်ခုပြီးတစ်ခု ထွက်ပါတယ်။ ဆောင်ထားသင့် ပါတယ်။ PC မှာ Install လုပ် Run ပြီး Root နှိပ်ရုံပါပဲ။ ထုံးစံအတိုင်း PC မှာ Phone Driver သွင်းပြီးဖြစ်ရပါမယ်။ Phone မှာ USB Debug လုပ်ထားရပါမယ်။ http://www.amyokaungtarr.com/2013/02/android-phone-tablet-2400-root-software.htm

Source by :http://www.amyokaungtarr.com/

Huawei C8812 Root & Install Myanmar Font (800 MHz)



Huawei C8812 Root လုပ်နည်း လေး ကို ပြောပြပါမယ်။Huawei U8812 ဟာ 800 MHz ဖုန်းမှာ ပထမဆုံး official 4.0.3 သုံးနိုင် တဲ. ဖုန်း တစ်လုံးဖြစ်ပါ တယ်။ CPU 1GHz , OS Version 4.0.3 , Screen Size 3.5 inches , Font Camera 1.2 M, Main Camera 3.2 MP,Internet Memory 2GB ပါဝင် ပါတယ်။ ရုပ်ထွက် အားဖြင့် ကောင်းမွန် တဲ. ဖုန်းတစ်လုံး ဖြစ်သလို ဈေးနူန်းအား ဖြင့်သင့်တင့်ပါတယ်။ 
အရင်ဆုံး Huawei Driver ကို Download ဆွဲပါ။ ဖုန်းမှာ USB debugging ,unknown sources ကို On ပေးပါ။Fast boot ကို On နေလျှင် Off လုပ်ပေးပါ။ ပြီးလျှင် Phone ကို Power ပိတ်ပါ။ Power ပိတ်ပြီး လျှင် 10s လောက် စောင့်ပါ။  ပြီးလျှင် VOL DOWN + POWER ကို နှိပ် ပါ။
Bootloader ရပ်နေ ပါလိမ်မယ် ။ပြီးလျှင် USB ကြိုး ကို ချိတ်လိုက် ပါ။ ပြီးလျှင် Recovery Super Click.zip ကို Download ဆွဲပါ။ ပြီးလျှင် Zip ဖိုင် ကိုဖြည့်ပါ။ Folder ထဲမှ install-superrecovery-windows.bat ကို Run လိုက်ပါ။ ပြီးလျှင် ဖုန်းကို Battery ဆွဲဖြုတ်လိုက်ပါ။ Battery ပြန်တပ်ပါ။VOL UP +POWER ကို နှိပ်ပါ ။ Android အရုပ်လေး တက်လာပြီး အလုပ်လုပ်နေ လိမ်.မည်။ 
5s လောက် ကြာလျှင် Recover Mode တက်လာလိမ့်မည် ။Recovery MODE မှ Reboot System Now ကို နှိပ်ပါ။ Root လုပ်တာ ပြီးဆုံး သွားပါပြီး။ဖုန်းပြန်တက် လာလိမ့်မည်။Super Su ဆိုတဲ. application လေးတွေရ လျှင် Root လုပ်တာ အောင်မြင် သွားပါပြီး။ 
Font ထည့်နည်း လေးထပ်ပြော ပါမယ် ၊မသိတဲ.သူတွေ လဲ သိသွားအောင် ပေါ့နော်။ MMAS FontChanger Download ဆွဲရန် MMAS က ရေးထားတဲ. FontChanger ကို Install လုပ်ပါ။ ပြီးလျှင် Fontchanger ကိုဖွင့်ပါ။ Superuser ကို Grant ကို နှိပ်ပါ။ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ကို နှိပ်ပါ။ Restart ကျသွား ပါလိမ်မည်။ဒါဆို Myanmar font ရသွားပါပြီးခင်ဗျာ။Huawei U8861,U8818 နဲ. Root လုပ်တာခြင်း အတူတူပါပဲ ပြင်ဆင်ပြီး တင်ပေး လိုက်ပါတယ်။ 
Ref: http://blueskyservice.blogspot.com/
Source by :Yatanarpon Call Center

Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ



Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။ 
1. Testsလုပ်ရန် ကုဒ်များ 
 *#*#0588#*#* – Proximity sensor test 
*#*#2664#*#* – Touch screen test 
*#*#2663#*#* – Touch screen version 
*#*#0*#*#* – LCD test *#*#0673#*#* သို့မဟုတ် 
*#*#0289#*#* – Melody test 
*#*#0842#*#* – Device test (Vibration test and BackLight test) 
*#*#3264#*#* – RAM version 
*#*#0283#*#* – Packet Loopback 
*#*#232331#*#* - Bluetooth test 
*#*#232337#*# - Bluetooth device address ကိုပြခြင်း 
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း 
*#*#1472365#*#* - GPS test 
*#*#1575#*#* - အခြား GPS test 
2. Obtaining Firmware information 
*#*#1234#*#* – PDA and Phone 
*#*#1111#*#* – FTA SW Version 
*#*#2222#*#* – FTA HW Version 
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number 
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate 
3. Backup လုပ်ရန် ကုဒ်များ *#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။ 
4. Service mode *#*#197328640#*#* - you can change settings or run tests in service mode 
5. End Call / Power button ပြောင်းလဲခြင်း *#*#7594#*#* 
  
6. Reset လုပ်ခြင်း *2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။ used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc 
 *#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။ 
 7. ဖုန်း၏ information ကြည့်ရှုရန် 
*#*#4636#*#*- battery information, battery history, phone information, usage statistics 
Source by :Royal Hero Media

Corel Videostudio Pro X6 + Keygen ( ဗီဒီယို တည်းဖြတ်တဲ့ ဆောဝဲလေးပါ )

Corel Videostudio Pro X6 ကတော့ Video တည်းဖြတ်သမားတွေအတွက် အရမ်း အသုံးဝင်မှာပါ။ လုပ်ဆောင်ချက်တွေ အရမ်းကိုမြန်ပါတယ်။ အဆင့်မြင့် Video Editing ဆောဝဲ ဆိုလည်း မမှားပါဘူး။ Video တွေကိုဖြတ်ညှပ်ကတ် လုပ်တာ၊ Transition Effects ထည့်တာ၊ စာတန်းထိုးတာ၊ Background Music ထည့်တာ၊ Size လျှော့ချတာ၊ စတဲ့ လုပ်ဆောင်ချက်များစွာကို ပေါ့ပေါ့ပါးပါးနဲ့ လုပ်ဆောင်နိုင်ပါ တယ်။
ဖိုင်ဆိုဒ်က 1.31GB တောင်ဆိုတော့ ကျနော်ကိုယ်တိုင် Uplode တင်ဖို့အခက် ခဲဖြစ်နေပါ တယ်။ ဒေါင်းလင့် ကိုတော့ မူရင်း ကနေ သယ်လာထားပါတယ်။ Keygan ကိုတော့ တင်ပေး ထားပါတယ်။ ဆောဝဲလ် ကိုဒေါင်းပြီးရင် Keygan ထဲက Key ကိုထည့် ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။ Video တည်းဖြတ်လို့ ကောင်းပြီး တကယ်ပေါ့ပါး တဲ့ဆောဝဲလေးပါ။ အောက်ကလင့် မှာဒေါင်းယူနိုင်ပါပြီ။

>>>>>Download Corel Videostudio Pro X6<<<<<

အားလုံးအဆင်ပြေပါစေ.......။

Saturday 12 October 2013

Icon Changer (Andriod ဖုန်းတွေမှာ App Icon နဲ့ App Icon Name ကိုစိတ်ကြိုက် ပြောင်းနိုင်တဲ့ ဆောဝဲ)


Andriod ဖုန်းတွေရဲ့ Icon တွေနဲ့ Icon အောက်က စာလုံးတွေကို စိတ်ကြိုက် ပြောင်းလို့ရတဲ့ ဆောဝဲဖြစ် တဲ့ Icon Changer လေးကို တင်ပေးလိုက်ပါတယ်။ ပုံမှာပြထားတာက Icon Name လောက်ပဲ ပြောင်းပြ ထားတာပါ။ Icon ပုံတွေလည်းပြောင်းလို့ရပါတယ်။ မိမိတို့ စိတ်ကြိုက် ပုံ နှင့် စိတ်ကြိုက် နာမည် ပြောင်း လို့ ရတဲ့ အတွက် တကယ်ကိုလန်းပါတယ်။
Icon Changer ကိုအရင်ကလည်း တင်ပေးဖူးပါတယ်။ အရင်ကတင်တာက Free Version ဖြစ်ပါတယ်။ အခုတင်ပေးလိုက်တာက v3.0.9 နောက်ဆုံးထွက်ဖြစ်တဲ့ Pro Version ကိုတင်ပေးလိုက်တာပါ။ Playstore မှာ ဆိုရင် US$2.70 နဲ့ ပေးဝယ်ရပါတယ်။ အခုကျနော့်ဆိုဒ်မှာ Free ဒေါင်းယူနိုင်ပါပြီ။ Andriod Version 2.1 အထက်တွေမှာ သုံးလို့ အဆင်ပြေပါတယ်။
စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
App Screenshots


 အားလုံးအဆင်ပြေပါစေ.......။

Windows Doctor 2.7.5 with Activator

ကွန်ပြုတာ သုံးရတာနှေးနေတယ်ဆိုရင် Windows Doctor လေးကို သုံးစမ်းကြည့်လိုက်ပါ။ စက်က ဖလမ်း ဖလမ်းဖြစ်ပြီး အရမ်းကိုမြန်လာပါလိမ့်မယ်။ သူကတော့ CCleaner လိုပဲ အသုံးဝင်ပါတယ်။ တကယ်ကိုကောင်း ပါတယ်။ Cleaner တွေလည်း စုံလင်စွာပါ ပါတယ်။ ကွန်ပြုတာကို Optimizer လုပ်ပေးတဲ့ ဆော့ဝဲတွေထဲမှာ ဒီဆောဝဲလေးကလည်း အရမ်းကိုအသုံးဝင်ပါတယ်။
သူ့ရဲ့ ပါဝင်တဲ့ Feature တွေကတော့ History Cleaner, Shortcuts cleaner, Registry Defragger,  System Optimizer, IE Manager, Powerful registry fixer အပြင် Feature စုံလင်စွာ ပါရှိပါတယ်။ ဆောဝဲကို Install ပြီးရင် Activator နဲ့ Full Version ဖြစ်အောင် လုပ်ပါ။ Activator ပါတွဲတင်ပေးထားပါတယ်။
စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 အားလုံးအဆင်ပြေပါစေ.......။

2020-ခုနှစ်ထိ လိုင်စင်သက်တမ်း ရတဲ့ Avira Internet Security 2013 Final Incl License Key Valid Till 2020 (112 Mb)

နှစ်စဉ်နှစ်တိုင်း အကောင်းဆုံး Top (10) Antivirus Softwares စာရင်းဝင် Avira Internet Security 2013 ဆော့ဝဲလေးပါ။ အထဲမှာပါတဲ့ ကီးဖိုင်က 2020 အထိ လိုင်စင်သက်တမ်းရတဲ့ ကီးလေးဖြစ်ပါတယ်။ ၆-လတခါ၊ တနှစ်တခါ ကီးရှာရ၊ကီးပြန်ထည့်စရာ မလိုတော့ဘဲ ၆-နှစ်ကျော်ကျော် အေးအေး ဆေးဆေး သုံး နိုင်ပါပြီ။ 
Setup ကို အင်စတောလုပ်ပါ။ ဆော့ဝဲကတောင်းဆိုလာရင် Update လုပ်ပါ။ အားလုံးပြီးစီးရင် Internet ကို Disconnect လုပ်ပြီး ပေးထားတဲ့ကီးဖိုင်နဲ့ Activate လုပ်ပါ။
File Size=112 MB
OS =Windows XP/Server/Vista/7/8/8.1
 အားလုံးအဆင်ပြေပါစေ.......။

Super Copier (ကွန်ပြူတာမှ ဖိုင်တွေ Copy ကူးရင် မူလထက် အဆပေါင်းများစွာ မြန်စေတဲ့ဆောဝဲ

ကွန်ပြူတာသုံးနေတဲ့ သူငယ်ချင်းများ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆောဝဲလေးပါ။ ကျနော်တို့ ဖိုင်တွေ Copy မယ်ဆိုရင် MB လောက်ဖိုင်တွေက မြန်တယ်ဆိုပေမဲ့ 5GB လောက်ကြီးတဲ့ဖိုင်တွေကျတော့ အရမ်းကို စောင့်ရပါတယ်။ တခါခါ ဆိုရင် စိတ်မရှည်နိုင်အောင်ပါပဲ။ အခု Super Copier က ကျနော်လက်တွေ့ သုံးနေတဲ့ ဆောဝဲလ် လေးဖြစ်ပါတယ်။ 
Super Copier နဲ့  Copy တာ မူလက Copy ကူးတာထက် အဆပေါင်းများစွာပိုမြန်ပါတယ်။ သုံးရတာ အရမ်းကိုအဆင်ပြေပါတယ်။ ကျနော့်အထင်တော့ ၁ နာရီလောက် ကူးရမဲ့ ဖိုင်တွေဆို ၁၂ မိနစ် ၀န်းကျင်နဲ့ ပြီးအောင်ကူးပေးနိုင်တာပါ။ 1GB လောက်ဖိုင်တွေဆိုရင် ခနလေးပါပဲ။ ဒါကြောင့် လူတိုင်း အသုံးပြုသင့်တဲ့ ဆောဝဲလေး ဆိုလည်းမမှားပါဘူး။
ဆောဝဲကို ဒေါင်းပြီးလို့ Install ပြီးရင် Restart တောင်းလာရင် restart ချလိုက်ပါ။ စက်ပြန်ပွင့်လာ ရင် တော့ Copy တဲ့ ဖိုင်တိုင်းမှာ Super Copier က သူ့အလိုလို အလုပ်လုပ်သွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားရင် အောက်က လင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။
Screenshots

 အားလုံးအဆင်ပြေပါစေ.......။

mp3တရားတော်များ ဒေါင်းလော့ယူရန်

ဆရာတော် ဘုရားကြီးများ ၏ တရားတော်များ (တရားပေါင်း မြောက်များစွာ) ကို အောက်က လင်.တွေမှာ ဒေါင်းလို.ရပါတယ်...တရားပေါင်း မြောက်များစွာ ရှိတဲ.အတွက် တစ်ပုဒ်ချင်း မဖော်ပြနိုင်လို.ပါ......အားလုံးကို ဓမ္မ ဒါနပြုအပ်ပါတယ်.... IDM ရှိဖို.တော. လိုပါတယ်.... ပထမဦးဆုံး.... ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်
ဘုရားကြီး၏ တရား အခွေပေါင်း (၁၀၀ ) နီးပါးလောက်ကို ဒီမှာ ဒေါင်းနိုင်ပါတယ်....



ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ ဟောကြားတော်မူသောတရားတော်များစွာကို လည်း ဒီမှာ ဒေါင်းနိုင်ပါတယ်.....



ဆရာတော်ဦးဃောသိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ပဓာန နာယက ဟောကြားတော်မူသောတရားတော်များ
စကားချပ်........တစ်ဘ၀ သာသနာ ကျမ်းပြု ဆရာတော် အရှင်ဃောသိတ မထေရ်မြတ်၏ ရုပ်ကလပ်တော်မှ မီးမခပဲကြွင်းကျန်ရစ်သော မျက်လုံးတော်၊ နှလုံးတော်၊ ချိတ်ဆက်နေသော အရိုးတော် နှင့် အခြားအရိုးတော်များ ရှိကြောင်းသိရှိရပါတယ်....... ( အန္တီမ အဂ္ဂိဈာပနပူဇာ Video မှတ်တမ်း ) မှ.....



မိုးကုတ်ဝိပဿနာ ဇနိတရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္ဘဇနိတာလင်္ကာရဟောကြားတော်မူသောတရားတော်များ  




အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ ဟောကြားတော်မူသောတရားတော်များ




မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏
နာယက ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
ဒီမှာနှိပ်ပြီးသွားပါ ......
စကားချပ်......English လို တရား နာလိုသူများ ..( OR ) ...နိုင်ငံခြား သားတွေကို English လို ဟောသော တရားခွေ
များကို ဓမ္မ ဒါန ပြုလိုသူများ...ကျွန်တော်.ဆီ မှာ တောင်းနိုင်ပါတယ်.....ခင်ဗျာ....




ဆရာတော် ဦးအဂ္ဂဥာဏ ဟောကြားတော်မူသောတရားတော်များ



အောင်ဆန်း ဆရာတော် ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ မိုးကုတ် မဟာကမ္မဋ္ဌာနာစရိယ
ဟောကြားတော်မူသောတရားတော်များ
 ဒီမှာနှိပ်ပြီးသွားပါ




ဦးဆန်းလွင် အရှင်အာဒိစ္စရံသီ (၁၉၃၈ - ၂၀၀၂) သင်ကြားပို့ချသော တရားတော်များ




အရှင်ပုညာနန္န တရားတော်များ


မြောက်ဦးမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာ ပဓာနနာယက ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဝါယာမိန္ဒဟောကြားတော်မူသော တရားတော်များ



မင်္ဂလတိုက် (ဒယ်အိုးဆရာတော်) မိုးကုတ်ဝိပဿနာ မင်္ဂလရိပ်သာ ဆရာတော် ဥုးသုမင်္ဂလ ဟောကြားတော်မူသောတရားတော်များ ( ....တရားတော် အပုဒ်ရေ ( ၂၀၀)လောက်.... အခွေပေါင်း ( ၇)ခွေ....)



မိုးကုတ်ဆရာရောတ်ာဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ္ဒ ကမ္မဋ္ဌာနာစရိယဟောကြားတော်မူသောတရားတော်များ  



မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏ သာသနာပြု နယ်လှည့်ဓမ္မကထိက အောင်စင်္ကြာဆရာတော် အရှင်စန္ဒသီရိ



မိုးကုတ်ဆရာတော်ဘုးကြီး၏ ဥပနိသရခံ ပိုင်းလော့ ဆရာတော် အရှင်ဇေယျပဏ္ဍိတ မိုးညှင်း သိင်္ဂီ ကျောင်းတိုက်ဟောကြားတော်မူသောတရားတော်များ




အခုတစ်ခါ...... **** မဟာစည် ၀ိပဿနာ **** တရားခွေများကို ဆက်လက် တင်ပြပါ.မယ် ...ခင်ဗျာ....ပထမဦးဆုံး.....ဆဌသံဂီတိပုစ္စက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြ၀ါဒစရိယ မဟာစည်ဆရာတော်ဘုရားကြီး
ဦးသောဘန မဟာသာရ ဟောကြားတော်မူသောတရားတော်များ တရားခွေ (၁၆ ) ခွေ......




ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသောတရားတော်များ



သဒ္ဓမ္မရံသီဆရာတော် ဥုးကုဏ္ဍလာဘိဝံသ ဟောကြားတော်မူသောတရားတော်များ




ဒုတိယ တော်ကူးဆရာတော်ကြီး ဘဒ္ဒန္တနာဝိက



အဂ္ဂမဟာကမ္မာနစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဦးလက္ခဏ (ဓမ္မာစရိယ-ပါဠိပါရဂူ)
ဟောကြားတော်မူသောတရားတော်များ



ဆရာတော် ဦးပဏ္ဍိတ မဟာစည် ၀ိပဿနာ




မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဟောကြားတော်မူသောတရားတော်များ




ဖြူးဆရာတော် ဦးနရပတိ ဟောကြားတော်မူသောတရားတော်များ




: **** ဖားအောက် ****ဆရာတော် တရားများ..... (တတိယ) ဖားအောက်တောရ ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရား အပုဒ်ရေ ( ၃၀၀ )လောက် ရှိပါတယ်.....



အရှင်ရေ၀တ ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ တရားတော်...( ၅ )ခွေ




အရှင်သီလ ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ



 **** ဓမ္မဒူတ **** ဆရာတော်တရားတော်များ ဓမ္မဒူတ အရှင်ပညာဇောတ (တောင်စွန်းမြို့) ဟောကြားတော်မူသောတရားတော်များ တရားတော် အခွေ (၁၀)ခွေ...




သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္ဒ ဟောကြားတော်မူသောတရားတော်များ တရား အခွေ (၇၈ )ခွေ




ဒေါက်တာအရှင်ပညိဿရ ဓမ္မဒူတတောရ သာသနာရိပ်သာ ဆယ်မိုင်ကုန်း ၊ ပဲခူးမြို့ ...တရား အပုဒ်ရေ (၁၁၀)




ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ (အာဒိကမ္မိက)ပရိယတ္တိသာသနဟိက ဓမ္မာစရိယဝဋံသကာ၊ (အာဒိကမ္မိက) တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ဆဌသံဂီတိဝိဿဇ္ဇကအဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင်ချုပ် ဟောကြားတော်မူသောတရားတော်များ တရား အခွေ (၆ )ခွေ နှင်. အခြားတရားတော်များ




အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသောတရားတော်များ...တရား အပုဒ်ရေ (၁၀၀ )ကျော်.... ဒီမှာနှိပ်ပြီးသွားပါ



စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇအဂ္ဂမဟာပဏ္ဍိတ အရှင်ဦးဥာဏိဿရ ဟောကြားတော်မူသောတရားတော်များ တရား တော် အခွေ ( ၄၅ )ခွေနှင်.
အပုဒ်ရေ ( ၁၀၀ ) နီးပါး.....




ရွှေကျင်ဂိုဏ်းကြီး၏ရတ္တညူမဟာနာယက ရွှေဥမင်တောရရိပ်သာနှင့်ရွှေဥမင်ဓမ္မသုခရိပ်သာပဓာနနာယက ရွှေဥမင်
ဆရာတော် ဟောကြားတော်မူသောတရားတော်များ



 ပျင်းမနားမြို့ မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက ဟောကြားတော်မူသောတရားတော်များ တရားတော်အခွေ ( ၉) ခွေနှင်. သုတ္တန် တရားတော်များ.....



မိုးညှင်း ဆရာတော်ဘုရားကြီး ဟောကြားတော်မူသောတရားတော်များ



ကျေူဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ အနိစ္စ ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရားတော် အပုဒ်ရေ ( ၃၀၀ ) နီးပါး...



ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ M.A; Ph.D အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဝါစက ပဏ္ဍိတ ပါဠိ ပါရဂူ သ၊ စ၊ အ ဓမ္မာစရိယရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်။ တရားတော်....MP-3 အခွေ (၁၅) ခွေ ... DVD (၁၂ )တို. ပါဝင်ပါတယ်......




အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ဟောကြားတော်မူသောတရားတော်များ ...MP-3 (၁၄ )ချပ်....




မဟာသဒ္ဓမ္မဇောတိကဓဇ မြကျောက် ဆရာတော် ဘဒ္ဒန္တခေမာစာရ ဟောကြားတော်မူသောတရားတော်များ



ဆရာတော်ဦးပညာဝံသ ဟောကြားတော်မူသောတရားတော်များ Burmese Buddhist Temple Singapore 14Tai Gin Road, Singapore 327873 Tel: (65) 6251 1717 တွင်ဟောကြားတော်မူသော တရားတော်များ



ဆရာတော် ဒေါက်တာ ဓမ္မဿာမိ Chief Abbot Oxford Buddha Vihara (UK) & Oxford Buddha Vihara(Singapore) ဟောကြားတော်မူသောတရားတော်များ




မဟာဗောဓိမြိုင် ဆရာတော် ၀န၀ါသီ အရှင် ဉေယျဓမ္မသာမိမထေရ် ဟောကြားတော်မူသောတရားတော်များ MP-3 ........DVD-1 ဒီမှာနှိပ်ပြီးသွားပါ



ကြာနီကန်ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရား အပုဒ် ( ၁၀၀ ) နီးပါး....



ပဲခူး အောင်သုခ ဆရာတော် ဦးစန္ဓိမာ ဟောကြားတော်မူသောတရားတော်များ



မြစင်္ကြာ ဆရာတော် ဦးလက္ခဏ ဟောကြားတော်မူသောတရားတော်များ



တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံ ဟောကြားတော်မူသောတရားတော်များMP-3 ( 26 )......ခွေ



ကျေးဇူးရှင် အောင်မဂ်လာ ဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒ္ဒ ဟောကြားတော်မူသောတရားတော်များ MP-3 ( ၉ )......ခွေ



မိုးညှင်းသိင်္ဂီ ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသောတရားတော်များ



အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ မန္တလေးကျောင်း၊ ရွှေပြည်သာမြို့ ၊ ရန်ကုန်တိုင်း ဟောကြားတော်မူသောတရားတော်များ ၀ိပဿနာ အလုပ်ပေးတရားတော်များ.....DVD ( 28) ခွေ နှင်. အခြားတရားတော်များ....



ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ ဟောကြားတော်မူသောတရားတော်များ MP-3 (10 ) ခွေ...အခြားတရားတော်များ..( ၃၀၀ ) ပုဒ်




သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ တရားတော် MP-3 ( 6 ) ခွေ



အရှင်ဣန္ဒာစာရာဘိဝံသ ဟောကြားတော်မူသောတရားတော်များ အပုဒ် ( ၁၇၀ )နီးပါး....



mintunkyaw09 02-22-2011, 08:43 PM :) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန် တောင်ရွာ မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နာရဒ ဟောကြားတော်မူသောတရားတော်များ




သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (နဝမ) ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ တိပိဋကနိကာယကျောင်းတိုက်စာချနာယကချုပ်၊ ဟောကြားတော်မူသောတရားတော်များ တရားတော် DVD ( 1 ) ခွေ အပါအ၀င် အခြားတရားတော်များ....စာအုပ်များ....




ဆားတောင်ဆရာတော်ဘုရားကြီး ဦးပညာဏိက



အရှင်တိက္ခဥာဏာလင်္ကာရ ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော်ဘွဲ့၊ သာသာနဓဇဓမ္မာစရိယဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့ MA Buddhism (Sri Lanka) ဘွဲ့ရ International Kanni Foundation အတွင်းရေးမှူး




ညောင်တုန်း ဆရာတော် ဘဒ္ဒန္တဇောတိကဘိဝံသ သာသနဓဇဓမ္မာစရိယ၊ သာသနပါလဓမ္မာစရိယ၊ ဥဘတောဝိဘင်္ဂဓရဟောကြားတော်မူသော တရားတော်များ



**** လူဝတ် ဓမ္မ ကထိက များ****
ရဟန်း ဓမ္မ ကထိကများ ရှိသလို ...သာသနာ ပြန်.ပွားရေး အတွက် လူ ဓမ္မကထိကများလည်း ရှိပါတယ်.....ဘယ်သူပဲ ဟောဟော ပါ....ဘုရား တရား နာတာပါ......ကျွန်တော်တို.ဟာ ဘုရား သာဝကလား( ဘုရား ဟော မှသံသရာက ကျွတ်မှာလား )....ရဟန်း သာဝကလား.... လူပုဂ္ဂိလ် ဟော မှ ကျွတ်မှာလား ဆိုတာ မသိနိုင်ပါဘူး......ဘယ်သူပဲ ဟောဟောပါ တရား နာရတဲ. အတွက် အနဲဆုံး ကုသိုလ်တော. ရပါကြောင်း နိဗ္မာန် အကျိုးမျှော်
နိုးဆော် အပ်ပါကြောင်း.....ဒေါက်တာမင်းတင်မွန်


Saya Gyi U Htay Aung ဆရာကြီး ဦးဌေးအောင် သင်ကြားပို့ချသော တရားတော်များ




မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ့ ကမ္မဌာန်း နည်းပြ ဆရာကြီး ဆရာကြီးဦးသန်းရွှေ (ဒလ-အံ့ကြီး)ဒလမြို့-အံ့ကြီးရပ်ကွက် လယ်တီဆရာတော်ဘုရားကြီး၏တပည့် ဒလပျော်ဘွယ်ကျေးရွာက အနာခံဆရာသက်ကြီး၏ မူလကျင့်စဉ်နှင့်အညီ သင်ကြားပို့ချူသော တရားတော်များ



ဒေါ်ကြည်ကြည်ဝိန် သင်ကြားပို့ချ သော တရားများ



ဆရာကြီး ဦးဂိုရင်ဂါ ဟောကြားတော်မူသောတရားတော်များ (မြန်မာ ဘာသာပြန်)




**** လူဝတ် ဓမ္မ ကထိက များ****
စာရေးဆရာ မြသန်းစံ သင်ကြားပို့ချသော တရားတော်များ



ဓမ္မဗျူဟာ ဒေါ်ခင်လှတင် မဟာသဒ္ဓမ္ဓဇောတိကဓဇ ဓမ္မဗျူဟာ သာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း အမှတ်(၆)၊ ကြားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် ဖုန်း။ (၉၅) ၀၁-၃၈၀၈၈၀သင်ကြားပို့ချသော တရားတော်များ



သစ္စာဒီပက၀ိပဿနာအဖွဲ့ချုပ် တရားပြဌာန ဦးစီးပဓာနနာယက၊ အာဒိကမ္မိက ကမ္မဌာနစရိယ မူလဓမ္မာစရိယ၊ပရိယတ္တိမာမက၊ ပဋိပတ္တိဝိသာရဒ ပဋိပတ္တိသာသာနာ့ဟိတရဓရ ဘွဲ့ရ ကျမ်းပြုပုဂ္ဂိုလ် ဆရာကြီးဦးကြည် သင်ကြားပို့ချသော တရားတော်များ




ဓမ္မာစရိယ ဦးဌေးလှိုင် ကန္နီဥပနိသျခံ မောင်းထောင်မြေဇင်းတောရဆရာတော်ကြီး၏ တရားရှုမှတ်ပုံ



ဆရာ ကိုအောင်ထွန်းဝင်း ရှင်းလင်းပြသသော ကန္နီဥပနိသျခံ မောင်းထောင်မြေဇင်း ကန္နီနည်းသမထ-
ဝိပဿနာကျင့်စဉ်များ  



နယဒေသက ဆရာကြီး ဦးကြင်ရွှေ ဟောပြောပြသ သင်ကြားပေးသော ပခုက္ကူဝိပဿနာ သင်တန်းတရား
တရား အပုဒ်ရေ ( ၄၀၀ )နီးပါး....


http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1911945&xgs=1&xg_source=msg_share_post

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော