Monday, 26 August 2013

လမ်းခွဲလည်း ၀မ်းမနဲ ပါနဲ့ ..



အချစ်ဆိုတာက
ချစ်တိုင်းလည်း မညား
ညားတိုင်းလည်း မချစ်သလို
ပေးတိုင်းလည်း ယူမရ
ယူချင်ပေမယ့်လည်း
ပေးလို့ မရတဲ့ အခြေနေမျိုးတွေးလည်း
ရှိတတ်တယ် သေးတယ်

ရေစက်ကုန်လို့  ထင်ပါရဲ့ 
အချစ်ဆုံးလို့  ပြောနေပေမယ်
အမုန်းဆုံးတွေလည်း ဖြစ်တတ်သေးတယ်
အမုန်းဆုံးကနေ အချစ်ဆုံးတွေးလည်း ဖြစ်လာတတ်တယ်

အချစ်ဆုံးရေ
ကံကြမ္မာဖူးစာရေးနတ်က
ဆုံဆည်းခွင့် မပေးခဲ့ ရင်ပေါ့
လမ်းခွဲလိုက်ရလည်း ဝမ်းမနည်းပါနဲ့ 
ငါတို့ ရဲ့ နှလုံးသားမှာ အမုန်းတရားတွေမရှိပဲနဲ့ 
အပြုံးလှလှလေးတွေ  ပန်ဆင်ထားလို့ 
တို့ နှစ်ဦးသားရဲ့   ရင်ထဲမှာ
ထာဝရ အေးချမ်းသွားအောင်
မေတ္တာတရားတွေ ဆောင်ထားရအောင်နော်..................။

                            
          ဖိုးခွားလေး(ကော့မှူးမြို့ )

No comments:

Post a Comment