
ချစ်ခဲ့ပေမယ့်ချစ်ရက်မရှည်ခဲ့ပါ
မလွမ်းရဲပေမယ့် လွမ်းရက်ရှည်ခဲ့တာ
ထပ်တွေ့ချင်ပေမယ့် ထပ်မတွေ့နိုင်တော့တာ
ဝေးသွားပေမယ့် ဆွေးအားမပြေခဲ့ပါ။
အကြောင်းမသင့်လို့ ဒို့တွေမပေါင်းဖြစ်ခဲ့တာ
တွေးမိတိုင်း မျက်ရည်ဝိုင်း
ဘေးကြည့်တိုင်းလည်းအတွဲတွေကိုယ် စီနဲ့
ဒီအချိန်ဆို မင်းရောဒို့လို ကြေကွဲနေမလား
ဒါမှမဟုတ် …………..
တစ်ခြားတစ်ယောက်နဲ့ပဲတူယှဉ်တွဲေ နမလား.....။
ဝေခွဲမရ ကြေကွဲညတွေဆက်လို့
အတိတ်ကိုပြန်တွေးတိုင်း
စိတ်ပျက်လို့ ၀ိတ်တက်
မင်းအတွက်နဲ့ နေ့စဉ်ရက်ဆက်
ငါ့အသဲတွေကွဲမတတ်
ခုတော့ အသဲမပါ ချစ်စိတ်ဗလာနဲ့
အသစ်ကိုလည်း မချစ်ချင်
အဟောင်းကိုလည်းအပြစ်မတင်ချင်
ကံကြမ္မာကို ယိုးမယ်ဖွဲ့
ဒီဘ၀ဒီမျှပဲရေစက်ပါခဲ့တဲ့
ဒို့နှစ်ဦး ချစ်ကမ္ဘာ နှစ်တစ်ရာမတည်ခဲ့ပါ။
ခုတော့ ချစ်ဖူးသမျှ ဒဏ္ဍာရီ
လွမ်းရသမျှ သံသရာချီ
ငါ့နှလုံးသားထဲမှာ
ချစ်ရမှာလည်းကြောက်
လွမ်းရမှာလည်းကြောက်
မင်းပေးခဲ့တဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်..........။
Cinthi ( GTC )
No comments:
Post a Comment