အမေ တစ်ယောက်ရဲ့ ဝပ်ကျင်းထဲက
သူတို့ အတူတူ သက်ဆင်းခဲ့ ကြတယ်...........။
ပိစိပိစိနဲ့ ဘာမှမသိသေးတဲ့ ဘဝက
အတူတူသွား အတူတူစားလို့
အချိန်တန်လို့ အရွယ်ရောက်
အမှီးအတောင် အစုံပေါက်မှ
မာန အရာက ထောင်လွှားရင်း
မိသားစုကြားမှာ ဗိုလ်လုခြင်းတွေနဲ့...............။
ဦးခေါင်းခွံတွေ စုတ်ပြဲ
သွေးသံတွေ ရဲရဲထွက်ခဲ့လည်း
သူ့ရဲ့ ဗိုလ်လုပွဲ အတွင်း
ညီအကိုဆိုတာ မေ့ထားခြင်းတွေနဲ့.............
သူ အားလုံးကို အောင်နိုင်တဲ့ တစ်နေ့
အတောင်ပံတွေကို တဖျတ်ဖျတ် ခတ်ရင်း ကြွေးကျော်
ငါမှ ငါနော်လို့
သူတော်တော် ပျော်နေတဲ့အချိန်
အစာငတ်နေတဲ့ ခွေးပိန်ပိန်အနား
သူ ဂရုမထားပဲ သွားမိစဉ်
ခွေးပိန်အိုရဲ့ ထအကိုက်
သူလည်း ရှောင်ချိန်မရလိုက်တော့
မရဏ ရဲ့ စက်ကွင်းမှာ
သူ့ အောင်နိုင်မှုဟာ ကျရှုံးခြင်းနဲ့...............
ကြီးနိုင် ငယ်ညှင်းနဲ့ နိုင်ရာစား
ဘဝတွေ ကျင်လည်တာ များလာခဲ့ သမျှ
" ငါ " ဆိုတဲ့
ကြွေးကျော်သံ ဆိုတာ
သောင်ပြင်ထက်က သဲအိမ်သာ
ဒီရေ အလာမှာတော့....................
ညီညီ (မြန်အောင်)
No comments:
Post a Comment