နှစ်တွေဟောင်းခဲ့ ပြီနော်
ခေတ်တွေလည်းပြောင်းကုန်ပြီ
ချုပ်ထားတဲ့  နုတ်ဝစီတွေဖွင့်လို့ 
အဟုတ်သဘောကို ထုတ်ကာပြောဖို့ အချိန်တန်ပြီ
ဟုတ်တာတွေတွေး မှန်တာတွေလည်းရေးလို့ ရပြီ
တိုးတက်ခြင်းတွေ လမ်းပြအောင်
ဒီမိုလမ်းက အရှေ့ ကဆောင်နေပြီ
ကောင်းတာတွေ ပေါင်းစုလို့ 
အကြောင်းတစ်ခု ပြုလိုက်တယ်
အမေစု လည်း ကျန်းမာပါစေပေါ့
တိုင်းရင်းသားအားလုံးပေါင်းစည်းလို့ 
အကြောင်းရှိလာတော့လည်း သွေးစည်းမှဖြစ်မယ်
နွားကွဲလို့ ကျားဆွဲခံရတာမျိုးဖြစ်နေပြီ
ကျောသားရင်သား မခွဲကြားကြေးပေါ့
နိုင်ငံရှိရင် လူမျိုးရှိတယ် ဘာသာရှိတယ်
ယဉ်ကျေးမှူရှိတယ် အားလုံးစောင့်ရှောက်မှဖြစ်မယ်
အမျိုးမှန်တော့ အဖိုးတန်တယ်ဗျ
အဖျက်သမားများလည်း စိတ်ထားတွေမလွဲကြေး
ညီညွှတ်စွာတွန်းလှန်ရင်း တက်လမ်းကိုယ်စီရှာကြမယ်
ဖိုးခွားလေး(ကော့မှူးမြို့ )
No comments:
Post a Comment