Sunday, 25 August 2013

samsung galaxy s advance i9070 ကို root ကြမယ်

ကဲ..နောက်ထပ်Root Toolနည်းလေးတစ်ခုဖြစ်တဲ့samsung galaxy s advance i9070ကို တစ်ခြားဖုန်းတွေအတိုင်း PCနဲ့ ချိတ်ဆက်ပြီးတော့Rootနည်းလေးပါပဲ.
အဆင်သင့်ဖြစ်ပြီဆိုရင်စမယ်နော်..
(အဆင့် -၁)  usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။

(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။
(အဆင့် -၃) မိမိတို့  pc အတွက်  ကိုဒေါင်းလုပ်ဒီနေရာမှာယူပါခင်ဗျာ။ပြီးရင်  pc  destop ပေါ်မှာသိမ်းထားပေးပါ။


(အဆင့် -၄) ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်း power + volume down ။ (ဖုန်းပါဝါနှင့် အသံတိုးခလုပ်) ကို ပြိုင်တူနိပ်ထားပေးပါ။android screen logo ပေါ်လာရင်တော့ တွဲနိပ်ထားတာကိုလွတ်ပြီး volume up (အသံချဲ့ ) ခလုတ်နှင့်  download mode ထဲကိုဝင်ပါ။(ဒီအချိန်မှာသတိပေးတဲ့ စာပေါ်လာမှာဖြစ်ပါတယ်)


(အဆင့် -၆)  odin 3.07 ကို ကွန်ပျူတာမှာ run လိုက်ပါ။ဒီအချိန်မှာ usb ကိုကွန်ပျူတာနှင့် တစ်ခါပြန်ချိတ်ဆက်ပေးရပါမယ်။ I D; COM ဘောက်လေးဟာ အစိမ်းရောင် (သို့ ) အဝါရောင်ပြပေးလာပါလိမ့် မယ် ဒါဆို အိုကေပြီပေါ့ ။

(အဆင့် -၇)  click > PIT Button ကိုကလစ်ပြီးနောက် gt-19070-eur-xx-8g-20111220-kl6.pit ကိုရွေးပေးလိုက်ပါ။


(အဆင့် -၈) PDA button လေးကို odin ထဲမှာနှိပ်ပြီး  "rootkerenel.tar.md5" ဖိုင်ကိုရွေးပေးလိုက်ပါ။


(အဆင့် -၉) ဒီအဆင့် ကတော်တော်လေးအရေးကြီးပါတယ်နော်။  F reset box ကို ကလစ်ပေးလိုက်ပြီးတစ်ခြား boxs တွေပေါ်လာတာကို ဘာမှမလုပ်ပဲကြည့် နေလိုက်ပါ။Odinက ‘Re-Partition’ ကို အမှန်ခြစ်ထားရင် ဖြုတ်ဖြစ်အောင်ဖြုတ်ပါ။


 (အဆင့် -၁၀)  START button ကိုနှိပ်ပြိး ၁၀ မိနစ်လောက်စောင့် ပေးပါ။ဘာမှမလုပ်ပါနဲ့ ထိုင်စောင့် ပေးပါ။

(အဆင့် -၁၁)ဒီအဆင့် မှာတော့ ဖုန်းက auto reboot လုပ်ပါမယ်။ဒါဆို root လို့ အောင်မြင်သွားပါပြီခင်ဗျာ။


ဘလော့ခရီးသည်မှ ပြန်လည်တင်ပြသည်
လာရောက်ကြည့်ရူကြသောဝါသနာတူသူငယ်ချင်းများနှင့် ဘလော့ကာ ညီကိုများအား အစဉ်ထားဝရလေးစားလျှက်ပါ..။
ကေနွန်(နည်းပညာ)
khingsoeomg@gmail.com

No comments:

Post a Comment