Virusဆိုတာ ကွန်ပြူတာ၇ဲ့  နည်းပညာဆိုင်ရာ စက်ပစ္စည်းကိုTargedထားကာ ဖြတ်ဆီးတိုက်ခိုက်နေတဲ့
program များကိုဗိုင်းရက်လို့ ခေါ်ပါတယ်။
ဗိုင်းရက်တွေဘယ်လိုကူးဆက်နိင်သလဲဆိုရင် ကွန်ပြူတာတစ်လုံးမှာတပ်ဆင်မိလိုက်တဲ့Media Drive
ဟာ အခြားကွန်ပြူတာကိုပြန်လည်တပ်ဆင်အသုံးပြုကြတဲ့အခါ ဗိုင်းရက်ကူးဆက်ဖို့ 
အသင့်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဗိုင်းရက်ဖန်တီးသူဟာ တစ်ယောက်ထဲဖြစ်နိင်သော်လည်း
ဗိုင်းရက်ဖြန့် ဝေသူဟာ ယနေ့ ခေတ်နည်းပညာလူသားတိုင်းဖြစ်နိင်ပါတယ်ခင်ဗျာ...
အခုဒီစာကိုဖက်နေတဲ့သူဟာလည်း ဗိုင်းရက်ဖြန့် ဝေနေတဲ့သူဆိုတာသတိထားမိရဲ့ လားP:
(ဥပမာ)ပြောရရင်ဗျာ TBရောဂါရှိနေတဲ့လူတစ်ယောက်ဟာ မိမိကိုယ်ထဲကရောဂါပိုးတွေကို အနားကို
ကပ်လာတဲ့လူမှန်သမျှကို ချေုာင်းဆိုးလိုက်တာနဲ့  အလွယ်တကူ ကူးဆက်သွားနိင်သလိုပေါ့ဗျာ..
ဗိုင်းရက်ဆိုတာလဲ အဲသလိုကူးဆက်ခြင်းပါပဲ..
မိမိကွန်ပြူတာထဲမှာ ဗိုင်းရက်ရောက်နေတဲ့အခါ အခြား Media Driveတွေကိုတပ်ဆင်လိုက်တဲ့အခါ
ဗိုင်းရက်ကူးသွားတာပါ အဲဒိ Media Drive ကိုအခြားကွန်ပြူတာမှာ တပ်ဆင်လိုက်တဲ့အခါ ဗိုင်းရက်ဝင်
သွားပြီးတော့ ဗိုင်းရက်ဖြန့် ချီရေးတစ်မျိုးဖြစ်လာတာပေါ့.။
ဒါဆိုရင် Media Driveတွေကိုမသုံးတော့ဘူးလားဆိုတော့..ဒါကတော့မဖြစ်နိင်ပါဘူးနော့
လက်ရှိခေတ်မှာက Media Drive အသုံးပြုနေတဲ့သူတွေဟာ ၈၀%လောက်ရှိနေမယ်ထင်တယ်.။
အင်တာနက်ဆိုင်တွေမှာလာသုံးသူတွေကိုတွေ့ ဖူးပါတယ် အိမ်ကကွန်ပြူတာမှ ယူလာတဲ့ ပုံတွေ၊Data
တွေကိုအင်တာနက်ပေါ်တင်ဖို့ ယူလာကြသလို၊ အင်တာနက်ပေါ်မှ ကိုယ်လိုချင်တဲ့အချက်အလက်တွေ
ကိုလည်း အိမ်ရောက်မှပြန်ကြည့်ဖို့  ကူးယူလာတတ်ကြပါတယ်။
ဒါဆို စဉ်းစားကြည့်ပေတော့ ဘယ်လောက်တောင် ဗိုင်းရက်ကူးဆက်ဖို့ လွယ်ကူနေသလဲဆိုတာ..
အခုကျနော်နှင့်တကွ ဒီစာကိုဖက်နေတဲ့သူတွေဟာ ဒီMedia Drive တွေကြောင့် အားလုံးက တရားခံ
ဖြစ်နေကြသလိုပါပဲနော်..။
ကဲ..ဟုတ်ပြီ..ဒါတွေကိုဘယ်လိုပြန်လည်ထိန်းချူပ်မလဲ..နိင်ငံတကာမှာလည်းကြိုးစားနေပါတယ်.။
လူနည်းစုတော့ရှိပါတယ် လူများစုသာဖြစ်လာရင် ဗိုင်းရက်ဖန်တီးသူတွေအတွက် နေရာကျင်းသွားတာပေါ့။
အခုဆိုရင် ဗိုင်းရက်ဖန်တီးသူတွေဟာ ဘယ်သူပါလို့  ခြေရာခံဖို့ ခက်လာပါတယ်။ ဗိုင်းရက်ရေးသား
ဖန်တီးဖို့ ကလည်းလွယ်ကူလာပါတယ်.။
ကွန်ပြူတာအခြေခံလေးသင်၊programmingလေးတစ်ခုလောက်ထပ်တက်လိုက်တာနဲ့ 
Virus programတစ်ခုရေးသားနိင်တော့တာပဲ.
အလွယ်ဆုံးဖြစ်တဲ့Script program, Batch programတွေဆိုရင် Notepadထဲမှာတင် ချရေးနိင်သော
ကြောင့် ဗိုင်းရက်တွေကိုအလွယ်တကူမွေးထုတ်လာပါတယ်။
programmingသင်တန်းတွေမှာ သင်ကြတဲ့အခါမှာပဲ သင်ပေးလိုက်တာက ပုံမှန်အသုံးပြုဖို့ လမ်းကြောင်းမှာပါ ဒါကိုသင်တန်းသားတွေက ပြောင်းပြန်တွေးလိုက်တော့ အဖျက်
အဆီးလမ်းကြောင်းဖြစ်သွားပါရောလား..။(ဥပမာ)တစ်ခုဆိုလျင် programming တွေမှာLooping
ဆိုတာရှိပါတယ် အကြောင်းအရာတစ်ခုခုကိုထပ်ကာထပ်ကာယူရတဲ့အခါမျိုးမှာ Loopကိုသုံးရပါတယ်။
C++ကတော့Breakလုပ်ရပါတယ်။ Visual Basicမှာတော့Endပေးရပါတယ်။
ဒါကိုသာမပေးခဲ့ရင် ကွန်ပြူတာလေးပင်သွားပြီး ဘာမှလုပ်မရ ဖြစ်လာပါမယ်။ ဒါကိုဗိုင်းရက်လို့ ခေါ်ရင်
လည်းရသွားတာပေါ့။ အဓိက ကတော့ကွန်ပြူတာမှာပြဿနာဖြစ်သွားတာပဲ။
(နမူနာအားဖြင့်)
ကိန်းဂဏန်းတွေကိုပေါင်းခိုင်းတဲ့Loopတစ်ခုမှာ အဆုံးသတ်ရမယ့် ကိန်းတစ်ခုပေးရပါတယ်။ ဥပမာ Z+2ဆိုပြီးZမသိကိန်းကိုအမြဲ 2ဖြင့်ပေါင်းခိုင်းတဲ့အခါ နောက်ဆုံးဘ်ာလောက်ရရင်တော်ပြီဆိုတာ ပြော
ပေးရပါမယ်။ အဆိုပါBreakကိန်းမရောက်မချင်းLoopingပိတ်နေပါလိမ့်မယ်။ ဒီနေရာမှာBreakကိန်း
မပေးခဲ့လျင်မရပ်မနားပေါင်းပြီး Loopingပတ်နေတာကြောင့် ကိန်းဂဏန်းတွေဟာ Infinityဖြစ်သွား
တာကြောင့် ကွန်ပြူတာဟာ ရပ်သွားပါလိမ့်မယ်။
ဒါကြောင့်programmingတစ်ခုခုသာတက်မြောက်ခဲ့ပါကVirusဆိုတာအလွယ်တကူဖန်တီးနိင်ပြီပေါ့။
ဒါက နာမူနာပြောပြတာပါ တကယ့်ဗိုင်းရက်တွေကLoopingလောက်ကိုစိတ်မ၀င်စားပါဘူး
Window OSဆိုင်ရာSystemပိုင်းတွေကိုထိန်းချူပ်နိင်ဖို့ ၊ ဖျက်ဆီးနိင်ဖို့ သာ အားထုတ်ကြပါတယ်.။
အချို့ ဗိုင်းရက်တွေဆိုရင် ကွန်ပြူတာသုံးသူရဲ့ Dataတွေကိုပါ ဖြတ်ဆီးဖို့ ကြိုးစားလာပါတယ်။
Hardwareတွေတာင် ဗိုင်းရက် ကိုက်လို့ မရလို့ ၊ ရများရရင် Hardwareဖြတ်တဲ့ဗိုင်းရက်တွေတောင်
ပေါ်လာအုံးမယ်ထင်ပါတယ်.။
ဗိုင်းရက်တစ်ခုဖန်တီးသူဟာ မိမိ၇ဲ့ အဖျက်အမှောင့်လုပ်ငန်းစဉ်ကိုအဆုံးစွန်အထိတက်မြောက်ထား
သလောက် လက်စွမ်းပြဖို့ ကြိုးစားကြပါတယ်. ဗိုင်းရက်ဖန်တီးသူ ပိုမိုကျွမ်းကျင် အဆင့်မြင့်လာသည်နှင့်
အမျှ သူတို့ ဖန်တီးလာတဲ့ ဗိုင်းရက်ဟာလည်း အဆင့်မြင့်လာပါတယ်။
အချို့ ဗိုင်းရက်ဖန်တီးသူတွေဟာ ကလေးဆန်ဆန် တန်းဝင်၊ တန်းဖျက် တန်းပြတ် ဆိုပြီးဖန်တီးကြပါတယ်။ တစ်ချို့ ကြတော့လည်း ခက်ကြောင်ကြောင်မေးခွန်းတွေကိုမေးပြီး ဖြေဖြေ မဖြေဖြ မှန်မှန် မှားမှား ဆိုပြီးဖျက်ဆီးကြပါတယ်၊ တစ်ချို့ ဗိုင်းရက်တွေကြတော့လည်း စိတ်အနှောင့်
အယှက်ဖြစ်စေဖို့ သာ ဖန်တီးကြပါတယ်။
အချို့ ဗိုင်းရက်ဖန်တီးသူတွေဟာ ဖျတ်ဆီးလိုစိတ်ရှိတာကြောင့် အဆုံးစွန်အထိဖျတ်ဆီးဖို့  အားထုတ်လာတာကိုတွေ့ ရပါတယ်။
ဗိုင်းရက်တစ်ခုကိုပြောပြမယ် (Crack Virus)
Crack Virus၀င်ရောက်နေပြီဆိုရင် အခြားဘာကိုမှမဖျက်ပြီးပါဘူး ကွန်ပြူတာကိုအသုံးပြုနေချိန်မှာ
စပီကာဖွင့်ထားလျင် ဖောင်းကနဲမြည်သွားပြီး Monitorမျက်နာစာမှာ ကွဲကြေသွားသလိုပုံစံတစ်ခု
အပြည့်ပေါ်လာပါတယ် တကယ်လန့် စရာကောင်းလောက်အောင် ရုပ်တရက် မှန်ကွဲကြေသွားသလို
မျိုးဖြစ်သွားပြီးတော့ ကွန်ပြူတာက ထိုးရပ်သွားပါတော့တယ်.။ ဒါက စိတ်အနှောင့်အယှက်ဖြစ်စေတဲ့
ဗိုင်းရက်တစ်ခုပေါ့။
အဲဒိအချိန်ကတော့Window98 မို့ DOS Commandရေးလို့ သိပ်ကောင်းပေါ့။Floppyနဲ့ Boot၀င်ပြီး
DOS commandဖြင့်အလွယ်တကူဖြေရှင်းနိငပါတယ်။
အခုဆိုရင်မြန်မာ ဗိုင်းရက်ရေးသူတွေလည်းမနိမ့်တော့ပါဘူး။ သရက်မျိုးတို့ ၊ One miss callတို့ ၊
Happy Birthdayတို့ ဟာ မြန်မာပြည်ကျော်ဖြစ်ခဲ့ပါတယ်။
*********************************************************
ဒါကတော့ဗိုင်းရက်အကြောင်းလေးပေါ့.။ ကျနော်ကိုယ်တိုင်ကprogrammingတက်ထားတာတော့မဟုတ်ပါဘူး။
**********************************************************
ဗိုင်းရက်အကြောင်းကိုသိချင်လို့  စာအုပ်ဝယ်ဖက်ခဲ့ပါတယ် ဒီလိုပဲ နည်းပညာဆိုတာ တွေ့ တဲ့နေရာက
***********************************************************
မှတ်သားစရာတစ်ခုခုကို သေခြာမှတ်ထားတယ်. ပြီးရင်ကိုယ်တိုင်းစမ်းသပ်(ကလိ)ကြည့်တယ်..
*************************************************************
ဟော..အဖြေတစ်ခုထွက်လာတယ် ကလိလွန်သွားလို့ ပြတ်ပီ..ဒါမှဟုတ် ကလိလိုက်တာ အောင်မြင်
*************************************************************
သွားတယ် အသိပညာတစ်ခုရလိုက်တယ် .ဟုတ်ပြီးအဲဒိအသိပညာကို ဘာလုပ်မလဲ..စီပွားရေးမှာ
****************************************************************
အသုံးချမလား အခြားအနေရာမှာအသုံးချမလား.ကျနော်ကတော့အခု ကိုယ်တတ်ထားသလောက်ကို
****************************************************************
လိုင်းပေါ်မှာပြန်တင်တယ် မသိသေးတဲ့သူတွေကို သိစေချင်တယ် ဒါကြောင့်လည်း ဒီစာတွေကို
***************************************************************
လက်ညောင်းခံပြီး ရေးနေတာပေါ့ဗျာ..ကျနော်ဒီလိုလုပ်နေရရင်မပင်ပန်းဘူး..ပျော်တယ်
**************************************************************
အခြားနေရာတွေက နည်းပညာတွေကိုလည်း လေ့လာတယ် အစုံပလုံပေါ့ဗျာ....
ကဲ..စကားရှည်နေသေးတယ်..
ဒီအပိုင်းမှာတော့ ဗိုင်းရက်အကြောင်းပေါ့ Virusဖြေရှင်းနည်းကိုတော့ အခြားအပိုင်းခွဲပြီးတင်ပြပေးထား
ပါတယ်..။
လာရောက်လည်ပတ်ကြတဲ့ ညီကိုမောင်နှမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..
ကေနွန်
0 comments:
Post a Comment