ဒီနည်းလေးကတော့ ကျနော်သိထားတဲ့ နည်းလေးပါ။ သူငယ်ချင်းတို့ တွေ ဖြစ်ခဲ့ရင် ပြန်လည်ယူလို့ရအောင်မျှဝေလိုက်ပါတယ်။ ကျန်တဲ့ နည်းတွေလည်းရှိပါတယ် ကျနော်ကတော့ ဒီနည်းလေးနဲ့ အဆင်ပြေလို့ ပြန်လည်တင်ပြတာပါ။
အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။
အဆင့် ၃ – မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ်
(သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံကို
ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ – ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password ကို ထည့်သွင်းပါ။
အဆင့် ၅ – မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ – Password အသစ်ကို ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် – ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
အားလုံအဆင်ပြေကြပါစေ။
လရောင်ဆန်း
No comments:
Post a Comment