မိုး--ဘယ်ကရွာသလဲ-----?
ကညစ်နဲ့ခြစ်ချတိုင်း
စာရွက်ဖြူဖြူမှာပေပွနေတိုင်း
ဘောပင်နဲ့ ကောက်ကြောင်းရေးဆွဲတိုင်း
စာပိုဒ်တစ်ပိုဒ်ကို ကဗျာလို့ခေါ်တာလား။
ခွဲထွက်သွားတာလို့ ပြောချင်ရင်ပြော
ဒါမှမဟုတ်
မိုးရေ ဘယ်က ကျသလဲဆိုတာမသိပဲနဲ့
ခေါင်းကြီးပိုင်းမှာ
မိုး---မိုးလို့အော်ခေါ်နေတာလော က်
အော့အန်ချင်စရာဘာမှ မရှိဘူး ။
ကဗျာတစ်လုံးမှ မရွတ်ဖူးပဲ
အကဲဖြတ်ကဗျာအယ်ဒီတာ လုပ်နေတာ
ခင်ဗျားတို့ကြားဖူးလား။
ခံစားချက်တွေအရည်ကျိုထားတဲ့
ရင်ခွင်တချို့ ကဖွင့်အံမှုတွေယူပြီး
မှင်ဖိုးမပြည့်တဲ့ပေးကမ်းမှုနဲ့ 
ကျေနပ်နေတတ်တဲ့ကလောင်တချို့ကြို မင်တိုင်း
ရင်ထဲမှာငိုနေမိတာတော့အမှန်ဘဲ
တံခါးထက်မှာချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်က
``အနာဂါတ်ကမ္ဘာ ၊ကဗျာနဲ့တန်ဆာဆင်မည်´´တဲ့
ကျီးအာသီးထဲက ပိုးလောက်တွေလိုပဲ
အရောင်နဲ့ကွယ်ပြီး
အတွင်းသားကို လှိုက်စားနေကြတယ်။
ကြာရင်
ကဗျာတွေ သေဆုံးမှာစိုးရိမ်ရတယ်။ ။
AM:07:40:00
Sunday.2-6-2012
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီ--အမှတ်တရ)
No comments:
Post a Comment