ငါရဲ့အကြည့်ကို
ဘာသာမပြန်တတ်ခဲ့ပ
အထင်တွေလွဲအရူးဖြစ်
ငါ့ကိုချန်ရစ်ခဲ့လို့
နင့်ကိုငါ…မုန်းတယ်။
ငါ့ကိုချစ်တဲ့အကြောင်း
နင့်အပေါင်းအသင်းအားလုံးကိုရင်ဖွင့်
နင်ချန်ရစ်ခဲ့တာကကာယကံရှင်ငါ
ဖွင့်မပြောပဲသိုသိပ်ခဲ့လို့
နင့်ကိုငါမုန်းတယ်။
ငါ့အိပ်မက်ထဲခိုးဝင်
ရင်ခုန်သံကိုလှုပ်နှိုး
တိတ်တခိုးအချစ်ကိုအသိမပေး
ငါ့ကိုတွေဝေစေခဲ့လို့
နင့်ကိုငါမုန်းတယ်။
ငါ့နှလုံးသားထဲစူးနစ်
အရူးဖြစ်တဲ့အထိချစ်မိအောင်
နင်ငါ့ကိုအလျှော့ပေးခဲ့ပြီးမှ
နင်ချစ်တာဝန်ခံမသွားခဲ့လို့
နင့်ကိုငါမုန်းတယ်။
ငါ့ရင်ခုန်သံတွေကရယ်သွမ်းသွေး
လွမ်းဆွေးနေတဲ့ငါ့ကိုလှောင်နေကြတယ်
ချစ်ရင်…အစကတည်းကမဆိုးနဲ့ပေါ့…တဲ့
ငါ့မာနကတော့ဒါကိုလက်မခံဘူး…ထပ်ပြောတာက
နင့်ကိုငါမုန်းတယ်။
နောက်ဆုံးတော့…ငါသိခဲ့ရပါတယ်
နင့်ကိုမုန်းတယ်ပြောရင်းနဲ့ပဲ
နင့်ကိုချစ်ခဲ့…ချစ်ဆဲ…ချစ်မြဲပဲဆိုတာ…
အဲဒါကိုနင်မသိလောက်အောင်…တုံးအလို့
***နင့်ကိုငါ…မုန်းတယ်***
သက်ပျို(ထားဝယ်)
ဘာသာမပြန်တတ်ခဲ့ပ
အထင်တွေလွဲအရူးဖြစ်
ငါ့ကိုချန်ရစ်ခဲ့လို့
နင့်ကိုငါ…မုန်းတယ်။
ငါ့ကိုချစ်တဲ့အကြောင်း
နင့်အပေါင်းအသင်းအားလုံးကိုရင်ဖွင့်
နင်ချန်ရစ်ခဲ့တာကကာယကံရှင်ငါ
ဖွင့်မပြောပဲသိုသိပ်ခဲ့လို့
နင့်ကိုငါမုန်းတယ်။
ငါ့အိပ်မက်ထဲခိုးဝင်
ရင်ခုန်သံကိုလှုပ်နှိုး
တိတ်တခိုးအချစ်ကိုအသိမပေး
ငါ့ကိုတွေဝေစေခဲ့လို့
နင့်ကိုငါမုန်းတယ်။
ငါ့နှလုံးသားထဲစူးနစ်
အရူးဖြစ်တဲ့အထိချစ်မိအောင်
နင်ငါ့ကိုအလျှော့ပေးခဲ့ပြီးမှ
နင်ချစ်တာဝန်ခံမသွားခဲ့လို့
နင့်ကိုငါမုန်းတယ်။
ငါ့ရင်ခုန်သံတွေကရယ်သွမ်းသွေး
လွမ်းဆွေးနေတဲ့ငါ့ကိုလှောင်နေကြတယ်
ချစ်ရင်…အစကတည်းကမဆိုးနဲ့ပေါ့…တဲ့
ငါ့မာနကတော့ဒါကိုလက်မခံဘူး…ထပ်ပြောတာက
နင့်ကိုငါမုန်းတယ်။
နောက်ဆုံးတော့…ငါသိခဲ့ရပါတယ်
နင့်ကိုမုန်းတယ်ပြောရင်းနဲ့ပဲ
နင့်ကိုချစ်ခဲ့…ချစ်ဆဲ…ချစ်မြဲပဲဆိုတာ…
အဲဒါကိုနင်မသိလောက်အောင်…တုံးအလို့
***နင့်ကိုငါ…မုန်းတယ်***
သက်ပျို(ထားဝယ်)
No comments:
Post a Comment