ကိုကို………
မိဆိုးလေးလို့ခေါ်ခဲ့ကတည်းက…
ဆိုးတယ်ဆိုတာလက်ခံပြီးသားမဟုတ်လား…
ဒါဆို…စိတ်ဆိုးနဲ့ပေါ့……။
ကိုကို………
စွာတေးလေးမှန်းသိခဲ့ပြီးသားမဟုတ်လား…
ကိုကိုချစ်ရင်မိဆိုးလေးရစ်တတ်တာကိုသည်းခံပေါ့…
မိဆိုးလေးကိုတော့လာမရစ်နဲ့နော်…ဂျစ်တိုက်ပစ်မှာ……။
မိဆိုးလေးမို့………
ရှုပ်ပွေတယ်ထင်လား…
မထင်နဲ့…ဆိုးတယိဆိုကတည်းက…
ကလေးအထာဆိုတာ…သဘောပေါက်…!
မိဆိုးလေးမို့………
အသည်းခွဲတမ်းကစားမယ်ထင်လား…
မထင်နဲ့…ကိုကိုတချက်ငေါက်ရုံနဲ့…
မျက်ရည်ဝဲခဲ့တာ…ယုံ…!
မိဆိုးလေးမို့………
သစ္စာမတည်နိုင်ဘူးထင်လား…
မထင်နဲ့…မိန်းမသားစိတ်အပြည့်ရှိတယ်…
ချစ်ပြီဆိုကတည်းက…တသက်တယောက်
သည်းထဲရောက်အောင်…စွဲဆောင်စူးနစ်…
ကိုကို့အချစ်ကို…မျက်စိစုံမှိတ်…ယုံခဲ့တာ…!
မိဆိုးလေးရဲ့………
ချွဲခြင်းမမည်တဲ့…နွဲ့ဆိုးမှုဟာ…
ကိုကို့တယောက်တည်းအတွက်……
ချစ်သက်သေအဖြစ်သိထား……။
ဒီမှာ……
မိဆိုးကချစ်လို့…ကိုကို့ကိုရစ်တာ.…
မိဆိုးကိုပြန်မရစ်နဲ့…မယုံမရှိသတိထား…
ဂျစ်တိုက်ပစ်လိုက်မှာ……သိလား…!
(မှတ်ချက်။ ။ကဗျာကိုကဗျာဟုမှတ်ကြပါကုန်။)
(သက်ပျိုး(ထားဝယ်)
No comments:
Post a Comment