Monday, 26 August 2013

မင်းရဲ့ အရိပ်လေး..


မင်းကျောင်းသွားတဲ့ အခါ အနောက်မှာ

အရိပ်လေးလို အမြဲပါ

မင်းအပြင်သွားလည်း အနောက်မှာပဲ

အရိပ်လေးလို အမြဲပဲ

မင်းကျောင်းဆင်းအချိန်ကြည့်လိုက်ပါ

အရိပ်လေးလို ရှိနေမှာ

ဘယ်သွားချင်လည်း ပြောစမ်းကွာ

အရိပ်လေးလို လိုက်ပို့ မှာ

ဘယ်အချိန်ကြည့်ကြည့် မင်းအနားရှိ

အရိပ်လေးလို တကြည့်ကြည့်

မင်းရဲ့  အရိပ်ဟာ ကိုပါကွာ

တကောက်ကောက်နဲ့  လိုက်နေမှာ

မင်း စိတ်ညစ်တဲ့ အခါ ပြောပြကွာ

အမြဲ နှစ်သိမ့်နေတတ်တာ

မင်းဘေး အန္တာရာယ် ကြုံတဲ့ အခါ

နောက်ကို လှည့်မကြည့်ပါနဲ့ ကွာ

ဖိနပ်ကိုင်ပြီး မင်းအရှေ့ မှာ

နောက်လှည့်မကြည့်ပဲ ပြေးတော့မှာ

ကိုယ်ဟာ တကယ်ကြောက်တတ်လို့ ပါ ကွာ

မင်းရဲ့ အရိပ်လေး အရှေ့ ဆုံးမှာ

ပြေးပြီကွာ ပြေးပြီကွာ.........

  
ဖိုးခွားလေး (ကော့မှူးမြို့ ) 
.

No comments:

Post a Comment