Monday, 26 August 2013

လှောင်ပြုံး ပြုံးတဲ့ဒီဇင်ဘာ...



မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ 
မျက်ဝန်းအိမ်မှာ အလွမ်းငွေ့ တွေဖုံးလို့ 
လောကကြီး ခဏရပ်တန့် သွားသလို
ရင်ခုန်ခြင်းတွေ စိတ်သုဉ်းပျောက်ကွယ်သွားတယ်....
...။
အေးစက်စက်အပြုံးတစ်ချက်အောက်သွေးပျက်မတက် ရူးခဲ ရတဲ့ကောင်လေးတယောက်အနမ်းတွေလည်း မရှိခဲ့ ဘူးပန်းတွေလည်းမပေးခဲ့ ဘူးအလွမ်းတွေကတော့ နေရာအနှံ ပေါ့လေအရိုးသားဆုံး ချစ်တဲ့ သူက အရူးရဆုံးဖြစ်နေတာလား..............။
ငါ့အရှေ့ က တရေးရေးပျောက်ကွယ်နေတဲ့ နင့်ခြေရာရင်ခွင်မှာ ရေပြင်လှိုင်းထလို အသဲနံရံတွေကိုပုတ်ခတ်စုတ်ပြတ်ကုန်တယ်နင့်သာလျှင်ငါ့အတွက် အမြင်ချင်ဆုံးအရာငါ့အမြင်တွေ မျက်ရည်တွေ နှင်းရည်တွေနဲ့  ဝေဝါးကုန်တယ်မြင်ခွင့်မရှိတော့တဲ့  နင့်ပုံရိပ်တွေအတွက် ငါ့မျက်လုံးတွေကိုလေထွက်သွားတဲ့ နင့်ပုံရိပ်ကို သော့ပိတ်လို့ ထာဝရမှိတ်ထားလိုက်ချင်တယ်..................။
အေးစက်လွန်းတဲ့  ဒီဇင်ဘာဇာတ်လမ်းကတပိုင်းတစ နိုင်းမရတဲ့  ဝေဒနာတွေနဲ့ အတူအလွမ်းရက်ရှည်အောင် တခန်းရက် သွားခဲ့ တာအချစ်ဆိုတာ ဒါပဲလားလို့  အေးစက်စက် ဒီဇင်ဘာကိုလှမ်းကာမေးလိုက်တယ် မေးခွန်းတွေသာလောကတခုလုံးပဲ့တင်ရိုက်ခက်သွားတယ်  အေးစက်လွန်းတဲ့ ဒီဇင်ဘာကြီးကလေ ပူလောင်နေတဲ့  ငါ့ရင်ခွင်ကိုကြည့်ပြီးလှောင်ပြုံးလေး ပြုံးပြသွားတယ်....................။

ဖိုးခွားလေး ( ကော့မှုးမြို့ )

No comments:

Post a Comment