မမြင်ချင်ပဲ မြင်လိုက်ရတဲ့  အရာတစ်ချို့ က
ငါ့ကိုမသင်ပဲ တက်မြောက်စေခဲ့ တယ်
မကြားချင်ပဲ ကြားလိုက်ရတဲ့ အသံတစ်ချို့ က
ငါ့ကိုနားရေဝအောင် သင်ပေးနေသလို
လှောင်ကျွမ်းပါစေ နစ်မွမ်းပါစေ
စနစ်ဆိုးရဲ့ အောက် ငါ့တို့ အသက်ရှင်လျှက်
သေနေတာ အချိန်ကြာခဲ့ ပေါ့
အဖက်ဖက်က နိမ့်ကျနေတဲ့  ဒီအရေး
တွေးမိတိုင်း ရင်နာမဆုံးနဲ့ 
နံရံကိုလက်သီးနဲ့  ထိုးရုံကလွဲပြီး
ငါတို့ ဘာမှမတတ်နိုင်ခဲ့ဘူး
ဝင်နွဲလိုက်ချင်ပါသေးတယ်
အခွင့်ကြုံတဲ့  တနေ့ နေ့ ပေါ့
အများအတွက် အများအတွက်နဲ့ 
မိသားစု တစ်စုစာလောက်
အသိုင်းဝိုင်းတစ်ခု စာလောက်
ကောင်းစားနေတဲ့  ခင်ဗျားတို့ လုပ်ရပ်
တစ်ခန်းရပ်လိုက်ပါတော့လို့ ပြောချင်တယ်
အကြိမ်ကြိမ်အနင်းခံ မြက်ပင်လေး
မိုးရွာတဲ့  နေ့ ကိုမျှော်လင့်နေသလို
အခါခါပိတ်လှောင်ခံရတဲ့  ငါတို့ ဘဝလေးတွေ
အလင်းတန်းလေး တစ်ခုတော့ စောင့်နေမိတယ်
ကြွေးကျော်သံတွေ ဆိုင်းဘုတ်တွေလည်း
လုပ်ရပ်တွေနဲ့ တလွဲဖြစ်နေတော့
အဆင်းရဲခံ အညှင်းဆဲခံကာဆန္ဒထုတ်ဖော်
နောက်တော့လည်း တိုင်းတပါးသားတွေကပဲ
မောင်ပိုင်စီးလို့  နေရတကာချယ်လှယ် နေတာ
မြင်သူတိုင်းဆဲအောင် ထင်တိုင်းကျဲနေကြတာ
အမိမြေ အမိရေ အမေ့အိမ်ကို ပြန်ချင်ပေမယ့်
အခွင့်မသာတိုင်း ရင်နာစွာ ရေးဖြစ်တဲ့  ဒီစာသား
ပြီင်္းတော့ ဆန္ဒ တစ်ခုတောင်းဆုပြုလိုက်တယ်
လူလူချင်း စာနာ စိတ်လေး ထားကြပါစေ.......။
ဖိုးခွားလေး (ကော့မှူးမြို့ )
No comments:
Post a Comment