Monday, 26 August 2013
သို့ ..ချစ်သောဆရာ....
ဝါသနာကို အရင်းပြု
စေတနာအပြည့်ထား
အနစ်နာအမျိုးမျိုးနဲ့ 
ချစ်စွာသော မြတ်ဆရာ
မေတ္တာတွေ အသရေခြုံ
ဂရုနာ စိတ်တွေ မွေး
ဆရာ့ရဲ့ ရင်ခွင်စခန်း နှသားလုံးနန်းတော်က
မြင့်မြတ်လွန်းပါပေတယ်
တပည့်တွေရဲ့ ရှေ့ ရေး
မျှော်ကာတွေး ရင်း
အမုန်းခံ စိတ်မကောင်းခံပြီးလည်း
ဆုံးမ တတ်သေးတယ်
နှလုံးလှတဲ့  ဆရာရဲ့အပြုံး
တပည့်ရင်ထဲ ဦးခိုင်မဆုံး
အရွယ်ရောက်တော့လည်း
ဆရာရဲ့  ရင်ခွင်နွေးနွေးလေးထဲကနေ
တဖြည်းဖြည်းထွက်ခွာ ခဲ့ ပြီလေ
ပြန်မရတော့တဲ့  မူကြိုဘဝလေး
ရင်ထဲတမ်းတရင်း ဆရာဆုံးမစကားတွေ
နားထဲအထက်ထက်ကြားရင် ရင်ထဲသိမ်းထားတယ်
ဘယ်အခါစမ်းစမ်း
ညစ်နွမ်းခြင်းမရှိတဲ့ 
ဆရာရဲ့ အဖြူရောင် မေတ္တာလမ်း
ဘယ်သူ့ ကိုမှ ဘက်မလိုက်
တပည့်အကြိုက်လည်း မလိုက်ဘူး
အဝေးရောက်နေတဲ့ 
တပည့်တယောက်ရဲ့ ရင်ထဲမှာ
အနန္ဒဂိုဏ်းဝင်မို့  ညစဉ်ဦးခိုင်ကန်တော့ရင်း
ဆရာကျေးဇူးတွေ သိနေပါရေစေ
ဟိုး...ရွာငယ်လေးဆီက မြတ်သောဆရာရယ်......
ဖိုးခွားလေး (ကော့မှူးမြို့ )
No comments:
Post a Comment