Friday, 15 November 2013

သတိရလိုက်တာချစ်သူ

အချစ်တွေကို
လေညင်းနဲ့သယ်ဆောင်
အပြုံးတွေနဲ့ ပြုစား
အတူနားခိုဖူးတဲ့ အရိပ်
မင်းလေးသတိရရဲ့လား ချစ်သူ
အကြင် နာအပြုံးတွေနဲ့
နင် ၀င်လာတုန်းက
ငါနှလုံးသား
နင့်ဆီပါသွားခဲ့တယ်ချစ်သူ
အခုတော့
မာယာ အပြည့်နဲ့
နင် ငါ့ကို ညာသွားခဲ့တာတောင်
ငါလိုကောင်က
မင်းမှ မင်းပဲဖြစ်နေတယ် ချစ်သူ
ဒါဟာ ၀ဠ်ကြွေးတွေဆိုရင်
ငါဒီအရိပ်အောက်က စောင့်နေမယ် ချစ်သူ
နင် ငါ့ဆီပြန်လာမယ့်
အချိန်အထိပေါ့
နင့်မာယာတွေနဲ့ ငါ့ကိုထပ်ပြုစားလိုက်ပါ
နင် ထပ်ပြုစားတာတွေကို
ငါ ပျော်မွေ့လို့ပါ ချစ်သူ

No comments:

Post a Comment