Saturday, 23 November 2013

ငါ့ရင်ခွင်ထဲမှာ မင်း

ငါ့ရင်ခွင်ထဲမှာ
ပျော်ခဲ့တဲ့ နင်က
ပကာသနတွေမက်လို့
ငါ့ရင်ခွင်ကို
ခွဲသွားတော့မှာ လား
ချစ်သူရယ်
အ ဟောင်းဆိုရင်
ငါမသုံးဘူးဆိုတဲ့စကား
နင်ပြောလိုက်တိုင်း
ငါကြိတ်မုန်းခဲ့တာ
နင်မှ မသိတာချစ်သူ
အခုတော့နင် က
ဆင်းရဲတဲ့ ငါ့ကို
အ ဟောင်းတစ်ခုလို
သ ဘောထား
နင် ထားသွားမှာ
ငါမသိပေမယ့်
မ ခြွေရက် ခက်သူပါမေ
နင် သဘောကျသွားပါ
ငါ နှလုံးသားကိုနင်း
နင် အပြုံးများပန်ဆင် ပြီ
ဒီ ကမ္ဘာမှာ
နင် သာပျော်မယ်ဆို
ငါ အသွေးအသားကို ပါ
ပေး ၀န့်တဲ့သူပါမေ
နင် လိုရာသို့သွားပါ
ငါ ဘ၀က
နင် အတွက်ခဏတာ
ခိုနားအရိပ်မို့
ပြုံးပြနှုတ်ဆက်မ နေပါနဲ့
ငါ နင်ကို
မုန်းမရမှာ ဆိုးလို့ပါချစ်သူ

No comments:

Post a Comment