အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Tuesday 21 January 2014

Firefox ကိန္နရီ Add-ons ကိုသုံးပြီး Facebook ကိုမြန်မာလိုသုံးမယ်

ကျွန်တော်ယခုတင်ပြချင်တာကတော့ Firefox မှ ကိန္နရီ Add-ons လးကိုသုံးပြီး Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုနည်းလေးကို တင်ပြချင်ပါတယ်။ ဒီ Add-ons လေးဟာ မိမိကွန်ပျူတာမှာ Unicode Font ရှိရန်မလိုဘဲ ဇော်ဂျီဖောင့်မှ ယူနီကုတ်ပြောင်းလိုသူများ အလွယ်တကူပြောင်းလဲ ပေးနိုင် ကြည့်ရူနိုင်ပါတယ်။ ပုံမှန်သင်ရိုက်နေကြ ဇော်ဂျီ ကီးဘုတ် ဖြင့်လည်း Ctrl+Alt ဖိပြီး Mouse ဖြင့်နှိပ်ပြီး Unicode ပြောင်းလဲပြီးအသုံးပြုနိုင်ပါသေးတယ်။ Firefox Version 26 များလိုအခြားနေရာတွင် မြန်မာစာပေါ်ပြီး မြန်မာနံမည် Facebook Account များတွင် လေးထောင့်တုံးဖြစ်နေတာ ကိုလည်း ဖြေရှင်းပေးနိုင်သော Add-ons လေးဖြစ်ပါတယ်။
 ဒီ Add-ons လေးကိုတီထွင်ခဲ့တဲ့ Official Blog Link ကတော့  Blog>>>Myanmar Font Prefixer ဖြစ်ပြီး။ Developer များကို လည်းလေးဒီကနြေ့ပီးလေးစားပါတယ်ဗျာ။
Facebook ကို မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုချင်တဲ့ သူများ အောက်မှာကြည့်ပြီးပြုလုပ်နိုင်ပါပြီး။
၁။ အရင်ဆုံး facebook မှ setting>>General>>Language တွင် မြန်မာဘာသာ မပါဝင်သေးသူများအောက်ပါအတိုင်ပြုလုပ်နိုင်ပါတယ်။ ရှိပြိးသားသူကတော့ မလိုအပ်ပါဘူး ဒီအဆင့်ကို ကျော်သွားလိုက်ပါ။
၂။ အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။
Translations ကိုရောက်သွားလျှင် Select Language ကိုနှိပ်ပြီး မြန်မာဘာသာ ရွေးချယ်ပြီး Continue နှိပ်လိုက်ပါ။ 
၃။ အောက်ကပုံအတိုင်းပေါ်လာပါမယ်။
၎။ အပေါ်ကအဆင့်တွေပြီးသွားရင် ကိန္နိရီ Add-ons လေးကို ဒီလင့်မှာ ဒေါင်းလိုက်ပါ။
၅။
ပြီးရင်တော့ Facebook Setting >>> General >>>Language ကိုသွားပြီင်္း ညာဘက်မှ Edit ကိုနှိပ်ပါ။ မြန်မာဘာသာ ပြောင်းလဲပြီး  Save Changes ကိုနှိပ်လိုက်ပါ။ 
၆။ အဲ့ဒါဆိုရင် သင့်ရဲ့Facebook ကို အောက်ကပုံအတိုင်း မြန်မာလို ကောင်းစွာ အသုံးပြုနိုင်ပါပြီ။

ဒီမှာ ကျနော်တစ်ခုပြောချင်တာက  Firefox တော့နည်းနည်းလေးသွားမယ်ပါ့မယ် ပြဿနာတော့မဟုတ်ပါဘူး။အားလုံးပြီးသွားရင် စက်ကို Restart လုပ်ပေးလိုက်ပါ။ မြန်မာဖောင့်တွေက ဒီအတိုင်းပါပဲ သူတို့ကို ထည့်ပြီးရင်စက်လေးသွားတာပါပဲ။ ဘာပြဿနာမှမရှိပါဘူး။ နိုင်ငံခြားက ထုတ်တဲ့ facebook ကို ကိုယ့်ဘာသာ ပြောင်းရတာဆို့တော့ ဒီလောက်တော့၇ှိမှာပေါ့ဟုတ်ဘူးလား။ အခုလိုအားပေးတာကျေးဇူးတင်ပါတယ်။ ကျနော်လည်းသိပ်တတ်လို့ လုပ်နေတာမဟုတ်ပါ။ ကျနော်သိသလောက်ပြန်လည် မျှဝေတဲ့သဘောပါ။ ဖုန်း သမားတွေက ဖုန်းထဲမှာ firefox ထည့်ထားရင် အဆင်ပြေပါတယ် ဗားရှင် 4.0 နဲ့ အထက်တွေဆို ပိုအဆင်ပြေနိုင်ပါတယ်ဗျာ။

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော