အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Saturday 7 February 2015

ဖုန်းအတွင်းပိုင်းရဲ့ အစိတ်အပိုင်းများအကြောင်း


ဖုန်းအတွင်းပိုင်းရဲ့ အစိတ်အပိုင်းများအကြောင်း
================================

ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို 
မိတ်ဆက်ပေးသွားမယ်။ ဒီလို သိစေချင်ရတဲ့ အကြောင်းအရင်းကတော့ နောက်ပိုင်းမှာ 
Phone Hardware Components တွေကို အလုပ်ခိုင်းအောင် Component တစ်ခုစီအတွက်
 ဘယ်လိုကုဒ်တွေ ရေးလဲ ဆိုတာ ပြောပြ သင်ပြမလို့ပါ။

ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာ 
မဟုတ်ဘူး။ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ 
အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်။ Network Section နဲ့ Power
 Section ဆိုပြီး အပိုင်း နှစ်ပိုင်း ရှိပါတယ်။

- Antenna Switch

Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လို ခေါ်နိုင်ရင် အကောင်းဆုံးပဲ) 
Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့။ Antenna 
Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်ပါတယ်။ Antenna 
Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစား ရှိသလို သတ္ထု မဟုတ်တဲ့ 
Antenna Switch တွေလဲရှိတယ်။ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် 
နဲ့ တွေ့ရတတ်ပြီး CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့ တွေ့ရတယ်၊ 
သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပြီး 
အခြား သက်ဆိုင်ရာ Processor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊

- P.F.O

PFO ကို Network Section ထဲက Antenna Switch နားမှာ တွေ့နိုင်ပါတယ်။ PFO 
ကို P.A (Power Amplifier) လို့လဲ ခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က 
ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက
 သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) 
ပျက်နေရင် ဖုန်းမှာ Network ပြဿနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြဿနာ တတ်သွားရင် 
ဖုန်းပျက်သွားမယ်။

- RF IC / Hagar / Network IC

RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာ
 တွေ့နိုင်တဲ့ Hardware component ဖြစ်ပါတယ်။ သူ့ကို RF signal processor 
လို့လဲခေါ်ပါတယ်။ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှုင်းနဲ့ ရေဒီယို 
လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကို ပြုလုပ်ပါတယ်။ RF IC 
မကောင်းရင် ဖုန်းရဲ့ Network ပြဿနာ တတ်ပါပြီ။ တစ်ခါတစ်လေ ဖုန်း 
တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး။

- Phone 26 MHz Crystal Oscillator

MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာ 
တွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲ ခေါ်ပါတယ်။ သတ္ထုနဲ့ 
ပြုလုပ်ထားတယ်။ Network Crystal ကတော့ ဖုန်း အထွက် Call ခေါ်တဲ့အခါ 
frequency ကို ဖန်တီးပေးတယ်။ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက်
 Call မရတော့ပါဘူး။ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာ 
မဟုတ်တော့ပါဘူး။

- VCO

VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာ တွေ့နိုင်ပါတယ်။ 
VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကို 
ပို့ပေးပါတယ်။ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပြီး frequency တွေကိုလဲ 
ဖန်တီးနိုင်ပါတယ်။ VCO မကောင်းရင် ဖုန်း Network ပျက်မှာ ဖြစ်ပြီး 
"Call End" တို့ "Call Failed" တို့ကို ပြနေမှာပါ။

- RX Filter

RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာ တွေ့ပါတယ်။ RX Filter ကတော့ 
ဖုန်း အ၀င် Call တွေ လာတဲ့အခါမှာ ရရှိလာတဲ့ frequency တွေကို 
စစ်ထုတ်ပေးပါတယ်။ အကယ်၍ RX Filter ပြဿနာ တက်ရင် ဖုန်း အ၀င် Call တွေမှာ 
Network ပြဿနာ ရှိလာပါမယ်။

- TX Filter

TX Filter ကိုလဲ Network Section မှာ တွေ့နိုင်ပါတယ်။ ဖုန်း အထွက် Call 
တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်။ သူမကောင်းရင် ဖုန်း အထွက် Call 
တွေမှာ ပြဿနာ တတ်မယ်။

- ROM

ROM ကို ဖုန်းရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်။ ROM က ဖုန်းရဲ့ 
Operation System ကို ၀န်တင်ပေးပါတယ်။ အကယ်၍ ROM မကောင်းရင် (သို့) ပြဿနာ 
တက်ရင် ဖုန်း ဆော့ဝဲလ် ပြဿနာ တတ်မှာ ဖြစ်ပြီး ဖုန်းရဲ့ Setting ချထားတဲ့ 
အစိတ်အပိုင်းတွေ အားလုံး ပျက်စီးသွားမယ်။

- RAM

RAM ကိုတော့ ဖုန်းရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ RAM ရဲ့ 
အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို 
လက်ခံရယူ အလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့ ညွန်ကြားချက်တွေကို Operation System
 ကို ပေးပို့ခြင်းတွေကို လုပ်ပါတယ်။ RAM မကောင်းရင် software ပြဿနာ 
တတ်မှာဖြစ်ပြီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာတို့ ဘာမှမလုပ်တော့ပဲ 
ရပ်နေတာတို့လဲ ဖြစ်တတ်ပြီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲ 
ဖြစ်နိုင်ပါတယ်။

- Flash IC

Flash IC ကို ဖုန်းရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ Flash IC ကို 
EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်။ Flash IC 
ထဲမှာ ဖုန်း ဆော့ဝဲလ်တွေကို ထည့်သွင်းထားတယ်။ အကယ်၍ Flash IC မကောင်းရင် 
ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို သုံးမရအောင်ပါ 
ဖြစ်သွားနိုင်ပါတယ်။

- Power IC

Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ 
ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ 
ပတ်ပတ်လည်မှာ တွေ့နိုင်ပါတယ်။ Power IC ရဲ့ အလုပ်က battery ကနေ power 
ရယူပြီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေ အားလုံးကို ပို့ပေးတယ်။ အကယ်၍ 
Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အား 
မထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း သုံးလို့ ရတော့မှာ မဟုတ်တော့ဘူး။

- Charging IC

Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာ တွေ့နိုင်ပါတယ်။ 
Charging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ 
လျှပ်စစ်စီးကြောင်းကို ရယူပြီးတော့ Battery ကိုအားသွင်းပေးပါတယ်။ Charging 
IC မကောင်းရင် ဖုန်းအားသွင်းလို့ ရတော့မှာ မဟုတ်ပါဘူး။ အကယ်၍ Charging IC 
သာ short then the set will get dead.

- RTC

RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပြီး ဖုန်းရဲ့ 
Power Section ထဲမှာ ပါဝင်ပါတယ်။ သူ့ကို Power IC နားမှာ က RTC ထဲမှာ 
တွေ့နိုင်ပါတယ်။ သူ့ကို သတ္ထုနဲ့ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ပါ 
ပြုလုပ်ထားတတ်တယ်။ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပြီး 
ရေတွက်နေဖို့ပါ။ အကယ်၍ RTC ပြဿနာ တက်ရင် အချိန် နဲ့ ရက်စွဲ 
သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး။ ပြဿနာ အသေးလေးပဲဖြစ်မှာ
 မဟုတ်ပဲနဲ့ ဖုန်း လုံးဝ သုံးမရတဲ့ အထိလဲ ဖြစ်သွားနိုင်ပါတယ်။

- CPU

CPU ကို Power Section ထဲမှာ တွေ့နိုင်ပါတယ်။ သူ့ကို MAD IC လို့လဲ ခေါ်သလို
 RAP IC / UPP လို့လဲ ခေါ်တယ်။ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ 
အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်။ သူ့အလုပ်က ဖုန်းထဲက 
အခြား အစိတ်အပိုင်း အားလုံးကို ထိန်းချုပ်ဖို့ပါ။ CPU ပျက်ရင် 
ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး။

- Logic IC / UI IC

Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section 
မှာကော တွေ့နိုင်ပါတယ်။ သူ့မှာ ပင် (pin) အခု နှစ်ဆယ် ပါရှိပါတယ်။ သူ့ကို 
UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်။ အလုပ်ကတော့ ဖုန်းသံတို့ ၊ 
ဖုန်းတုန်ခါမှုတို့ ၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့ အလုပ်ပါ။ အကယ်၍ 
Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ ၊ တုန်ခါမှုတို့ ၊ LED နဲ့ 
ပက်သက်တဲ့ မီးတို့ ကင်မရာတို့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

- Audio IC

Audio IC ကို ဖုန်းရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ သူ့ကို Cobba IC 
လို့လဲ ခေါ်သလို Melody IC လို့လဲ ခေါ်သေးပါတယ်။ Audio IC ရဲ့ အလုပ်ကတော့ 
ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ။ Audio IC 
အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး။
 ဖုန်းလဲ လုံးဝ ပျက်သွားမယ်။

Credit To : Brighter Myanmar
ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက်ပေးသွားမယ်။... ဒီလို သိစေချင်ရတဲ့ အကြောင်းအရင်းကတော့ နောက်ပိုင်းမှာ Phone Hardware Components တွေကို အလုပ်ခိုင်းအောင် Component တစ်ခုစီအတွက် ဘယ်လိုကုဒ်တွေ ရေးလဲ ဆိုတာ ပြောပြ သင်ပြမလို့ပါ။
ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာ မဟုတ်ဘူး။ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်။ Network Section နဲ့ Power Section ဆိုပြီး အပိုင်း နှစ်ပိုင်း ရှိပါတယ်။
- Antenna Switch
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လို ခေါ်နိုင်ရင် အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့။ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်ပါတယ်။ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစား ရှိသလို သတ္ထု မဟုတ်တဲ့ Antenna Switch တွေလဲရှိတယ်။ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပြီး CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့ တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပြီး အခြား သက်ဆိုင်ရာ Processor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊
- P.F.O
PFO ကို Network Section ထဲက Antenna Switch နားမှာ တွေ့နိုင်ပါတယ်။ PFO ကို P.A (Power Amplifier) လို့လဲ ခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြဿနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြဿနာ တတ်သွားရင် ဖုန်းပျက်သွားမယ်။
- RF IC / Hagar / Network IC
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာ တွေ့နိုင်တဲ့ Hardware component ဖြစ်ပါတယ်။ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်။ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကို ပြုလုပ်ပါတယ်။ RF IC မကောင်းရင် ဖုန်းရဲ့ Network ပြဿနာ တတ်ပါပြီ။ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး။
- Phone 26 MHz Crystal Oscillator
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာ တွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲ ခေါ်ပါတယ်။ သတ္ထုနဲ့ ပြုလုပ်ထားတယ်။ Network Crystal ကတော့ ဖုန်း အထွက် Call ခေါ်တဲ့အခါ frequency ကို ဖန်တီးပေးတယ်။ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး။ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာ မဟုတ်တော့ပါဘူး။
- VCO
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာ တွေ့နိုင်ပါတယ်။ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကို ပို့ပေးပါတယ်။ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပြီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်။ VCO မကောင်းရင် ဖုန်း Network ပျက်မှာ ဖြစ်ပြီး "Call End" တို့ "Call Failed" တို့ကို ပြနေမှာပါ။
- RX Filter
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာ တွေ့ပါတယ်။ RX Filter ကတော့ ဖုန်း အ၀င် Call တွေ လာတဲ့အခါမှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်။ အကယ်၍ RX Filter ပြဿနာ တက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြဿနာ ရှိလာပါမယ်။
- TX Filter
TX Filter ကိုလဲ Network Section မှာ တွေ့နိုင်ပါတယ်။ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်။ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြဿနာ တတ်မယ်။
- ROM
ROM ကို ဖုန်းရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်။ ROM က ဖုန်းရဲ့ Operation System ကို ၀န်တင်ပေးပါတယ်။ အကယ်၍ ROM မကောင်းရင် (သို့) ပြဿနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြဿနာ တတ်မှာ ဖြစ်ပြီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်းတွေ အားလုံး ပျက်စီးသွားမယ်။
- RAM
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူ အလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့ ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကို လုပ်ပါတယ်။ RAM မကောင်းရင် software ပြဿနာ တတ်မှာဖြစ်ပြီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာတို့ ဘာမှမလုပ်တော့ပဲ ရပ်နေတာတို့လဲ ဖြစ်တတ်ပြီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲ ဖြစ်နိုင်ပါတယ်။
- Flash IC
Flash IC ကို ဖုန်းရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်။ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ်တွေကို ထည့်သွင်းထားတယ်။ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို သုံးမရအောင်ပါ ဖြစ်သွားနိုင်ပါတယ်။
- Power IC
Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာ တွေ့နိုင်ပါတယ်။ Power IC ရဲ့ အလုပ်က battery ကနေ power ရယူပြီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေ အားလုံးကို ပို့ပေးတယ်။ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အား မထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း သုံးလို့ ရတော့မှာ မဟုတ်တော့ဘူး။
- Charging IC
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာ တွေ့နိုင်ပါတယ်။ Charging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပြီးတော့ Battery ကိုအားသွင်းပေးပါတယ်။ Charging IC မကောင်းရင် ဖုန်းအားသွင်းလို့ ရတော့မှာ မဟုတ်ပါဘူး။ အကယ်၍ Charging IC သာ short then the set will get dead.
- RTC
RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပြီး ဖုန်းရဲ့ Power Section ထဲမှာ ပါဝင်ပါတယ်။ သူ့ကို Power IC နားမှာ က RTC ထဲမှာ တွေ့နိုင်ပါတယ်။ သူ့ကို သတ္ထုနဲ့ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ပါ ပြုလုပ်ထားတတ်တယ်။ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပြီး ရေတွက်နေဖို့ပါ။ အကယ်၍ RTC ပြဿနာ တက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး။ ပြဿနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝ သုံးမရတဲ့ အထိလဲ ဖြစ်သွားနိုင်ပါတယ်။
- CPU
CPU ကို Power Section ထဲမှာ တွေ့နိုင်ပါတယ်။ သူ့ကို MAD IC လို့လဲ ခေါ်သလို RAP IC / UPP လို့လဲ ခေါ်တယ်။ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်။ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်း အားလုံးကို ထိန်းချုပ်ဖို့ပါ။ CPU ပျက်ရင် ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး။
- Logic IC / UI IC
Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်။ သူ့မှာ ပင် (pin) အခု နှစ်ဆယ် ပါရှိပါတယ်။ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်။ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှုတို့ ၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့ အလုပ်ပါ။ အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ ၊ တုန်ခါမှုတို့ ၊ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။
- Audio IC
Audio IC ကို ဖုန်းရဲ့ Power Section မှာ တွေ့နိုင်ပါတယ်။ သူ့ကို Cobba IC လို့လဲ ခေါ်သလို Melody IC လို့လဲ ခေါ်သေးပါတယ်။ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ။ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး။ ဖုန်းလဲ လုံးဝ ပျက်သွားမယ်။
Credit To : Brighter Myanmar

0 comments:

Post a Comment

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော