ချစ်တဲ့သူငယ်လေ……
သူငယ်ချင်းကောင်းယောင်းမတို့ရေ……။
မှိုင်းရိပ်ညိုဆင်…မိုးကောင်းကင်ထက်
ငွေရောင်လက်ခြယ်…မိုးစက်ငယ်တို့
ရွာသွန်းဖြိုးလျှင်…ပျိုလေးရင်နန်း…
လှမ်းမျှော်မှန်းသည်…မောင်ပြန်မည့်ရက်
နီးခဲ့ပြီဟု………။
စိမ်းမြရောင်ညို…သစ်ခက်ပျိုတို့
မိုးစို့စို့ရွှင်…ရွှဲနစ်ဝင်သော်
ပျိုလေးမျှော်မှန်း…ဘယ်ဆီလမ်းဝယ်
မောင်ကြီးဘယ်သို့…အိမ်ပြန်ဖို့ရည်
လှမ်းခဲ့ပြီဟု………။
ရေတွင်တွင်စီး…ချောင်းစမ်းနီးဝယ်
ကျောက်တုံးငယ်ထက်…ပျိုရေးမှတ်သည်
လွမ်းလှပြီမို့…ပြန်လာဖို့ကို
နှုတ်မှဆိုပြီး…ယုံကြည်မိ၏
မောင်ကြားမည်ဟု………။
ငွေနှင်းဝေလဲ့…ဆောင်းနံနက်တွင်
မျက်နှာရယ်ရွှင်လန်း…အိမ်သိုရွယ်လှမ်းသည့်
ပျိုလေးချစ်ရသူ…နိုင်ငံ့သားကောင်းလူကို
မှန်စွာဝန်ခံပါ့မယ်…ချစ်မိခဲ့ရပါသည်ဟု
သိစေဖို့လေး………။
သက်ပျိုး(ထားဝယ်)
No comments:
Post a Comment