ညဘက်ဆို ကြယ်တွေဆုံနေမှ
လမင်းဆို ထိန်ထိန်သာနေမှ
ကောင်းကင်ဆို ပြာနေမှ
ပန်းဆိုလည်းမွှေးနေမှ
စမ်းရေဆိုလည်း အေးနေမှ
မြင်မြင်သမျှအရာရာဟာ လှပနေမှ
ရေပေါ်ဆီလို မဟုတ်ပဲ
အချစ်ဆိုလည်း အသဲထဲရင်ထဲ
နစ်နှစ်ကာကာ ချစ်နေရမှ
အခုတော့ အဲလိုမဟုတ်ပဲ..........
ကြယ်မဆုံတဲ့  လမိုက်ာညက
သန်းကောင်ညကို ကြီးစိုး
မုန်တိုင်းထန်သလို
ကောင်းကင်တခုလုံးမှောင်ကာမဲ
ဒီနွေအလည်စမ်းရေတွေ ခမ်းခဲ့ ပြီ
မွှေးသောပန်းလေးတွေ
စောစီစွာ ကြွေလွှင့်နေသလို
မြင်မြင်သမျှဟာ အထီးကျန်ကြ
နစ်နစ်ခါခါနဲ့  မေတ္တာအချစ်ကိုလည်း
စွန်ခွာပြေးရက်တဲ့  သူရေ
ဒီတခါနွေဦးက လေရူးတွေ ပါမလာပါနဲ့ တော့
ပွင့်ဖူးစ ပန်းလေးတွေရေ
မွှေးပျံတဲ့ သင်းရနံ့ လေးတွေ
ငါနဲ့ အတူဤကမ္ဘာမြေကို ချီတက်လို့ 
လေကြမ်းတွေ ဝေးတဲ့ တနေရာ
မာယာတွေ ကင်းတဲ့ အချစ် ဝင်္ကမ္ဘာဆီ
ခြေလှမ်းတွေ စတင်နေပြီ
အို...လှပတဲ့ ကမ္ဘာမြေဆီပေါ့
ဖိုးခွားလေး (ကော့မှူးမြို့ )
0 comments:
Post a Comment