အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Tuesday 8 October 2013

Internet သုံးနေသူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပါ

ဒီည ကျွန်တော် အင်တာနက် သုံးနေတော့ gtalk ထဲက သူငယ်ချင်းတစ်ယောက်ဆီကနေ message တစ်စောင် ရောက်လာတယ်။ အဲဒီ Message ကတော့ အောက်ပါ အတိုင်းပါ။ (အဲဒီ အပြာရောင် link တွေကို သွားမနှိပ်မိစေနဲ့နော်)ကျနော်က သတိပေးရုံသက်သက်ပါ တကယ်လို့  တားမြစ်ထားပါလျှက်နဲ့  သွားနှိပ်မိပါက ကျနော်တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ပါ။
အန္ဒရာယ်ကြီးလို့ ပါ။
ဗိုင်းရက်အကြောင်းအပြည့်အစုံကိုဒီမှာအရင်ဆုံးလေ့လာပါ

Hey what are you doing Please test my new webcam using private application http://h1.ripway.com/db0/privateCam.exe

ကျွန်တော်ကလဲ အင်တာနက် ဂျပိုးဆိုတော့ ဒါမျိုးတွေက ရိုးနေပြီလေ။ မဖြစ်နိုင်ဘူးလို့တော့ ထင်တယ်။ ဒါပေမဲ့ အဲဒီ virus ကို အ၀င်ခံပြီးတော့ အဲဒီ Link ကို နှိပ်လိုက်ပါတယ်။ တကယ်ကိုပဲ Virus တစ်ခုပါ။ တော်ယုံလူတော့ ဖျားသွားလောက်ပါတယ်။ ကျွန်တော်လဲ တော်တော် စိတ်ဒုက္ခရောက်လိုက်ရပါတယ်။ ဒီ virus ၀င်ပြီဆိုတာနဲ့ ထုန်းစံအတိုင်း ခင်ဗျား computer ရဲ့ task manager ခေါ်လို့ မရတော့ပါဘူး။ နောက် Folder Option ၊ Registry Editor စသည်ဖြင့် ပျောက်ကုန်ပါလိမ့်မယ်။ နောက်ထပ် စိတ်ပျက်ဖို့ ကောင်းတာ တစ်ခုကတော့ ကိုယ်က အင်တာနက် သုံးနေခဲ့ရင် - ဥပမာ gtalk ဖွင့်ထားခဲ့ရင် အဲဒီ အပေါ်ကလို message လိုမျိုးတွေကို ကိုယ့်အကောင့်ထဲက လူတွေကို အလိုလို (auto) ပို့နေပါလိမ့်မယ်။ တဖတ်က မသိ့လို့ သွားနှိပ်မိပြီ ဆိုရင်တော့ ကူးပြန်ပြီပေါ့ ။ 

ဒါကြောင့် ဒီအကြောင်းအရာလေးကို အမြဲအားပေးနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရော၊ ကျွန်တော့် site လေးကို အလည်လာကြတဲ့ မိတ်ဆွေတွေ ၊ တခြား မသိ့သေးတဲ့ သူတွေအတွက်ပါ ရှောင်လို့ ရအောင် ကျွန်တော် ချက်ချင်း တင်ပေးလိုက်တာပါ။ ဒါတောင် စမ်းနေတာနဲ့ အချိန်နည်းနည်း ကြာသွားတယ်။ အပေါ်ကလိုမျိုး message တွေ ၀င်လာခဲ့ရင် Click မနှိပ်မိကျဖို့ အရေးကြီးပါတယ်။ 

ဒီ Virus က India က programmer လက်စွမ်းပြထားတာ ဖြစ်မယ် ထင်တယ်။ အရမ်းကြီးတော့ ကြောက်ဖို့ မကောင်းပါဘူး။ ဒါပေမဲ့ လူကို ပြာပြာသလဲ ဖြစ်သွားစေတယ်။ ပြီးတော့ သူက အောက်ပါ အတိုင်း message တွေကိုလဲ ပို့ပါသေးတယ်။




I am 23 Female Delhi(India)
Your asl please?
Waiting for you, view my private cam via secured connection
http://h1.ripway.com/db8/privateCam_v0.1.exe
How are you dear?
what are you doing?
View my private cam via secured connection
http://h1.ripway.com/db8/privateCam_v0.1.exe
View my webcam (private secured connection using privateCam)

ဖြေရှင်းဖို့အတွက်တော့ အရင်ဆုံး computer  ထဲမှာ privateCam_vo.1.exe ဆိုတာကို windows search ကနေ ရှာပြီး တွေ့သမျှကို Shift+Delete နဲ့ ကျွေးပစ်လိုက်ပါ။ 

Microsoft Security Essential ကို နောက်ဆုံးထိ update လုပ်ပြီး Computer တစ်ခုလုံးကို Scan လုပ်လိုက်ပါ။ ပြီးရင်တော့ Delete ပေါ့။ Kaspersky နဲ့ ရှင်းတာတော့ အဆင်မပြေပါဘူး။ သိ့တောင် မသိ့ဘူးဗျ။ :P

နောက်တစ်ခု မိမိ computer မှာ defreeze software ကို အသုံပြုထားတယ် ဆိုရင်တော့ computer ကို ချက်ချင်း restart ချပစ်လိုက်ပါ။

 ဒီထက်ကောင်းတဲ့ Solution တွေ ၊ Fix Tools တွေ တွေ့ရင်လဲ ကျွန်တော် တင်ပေးပါ့မယ်။ အားလုံးပဲ အဆင်ပြေကြပါစေ

ကျော်ကမ္ဘာ 

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော