အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Thursday 10 October 2013

ကေနွန်(နည်းပညာ)အကြောင်းကိုလေ့လာထားခြင်းဖြင့်တစ်မျိုးကူညီပါ

မင်္ဂလာပါခင်ဗျာ..ကေနွန်(နည်းပညာ)ဖြစ်ပေါ်လာပုံကို ဘာကြောင့်အကျယ်ချဲ့ ပြီးရေးသားဖေါ်ပြရသလဲ
ဆိုရင်..တကယ်အရေးပါမယ်ထင်လို့ ပါ..တစ်ချို့  တစ်ယောက်နဲ့ တစ်ယောက်အထင်လွဲမှားမူ့ တွေ
ရှိတတ်ကြပါတယ်..ကျနော့ကိုယ်တွေ့ ပါ ဘာကြောင့်လဲဆိုတော့ ကျနော်အခုမှ ဘလော့ကာရေးတာမဟုတ်ပါဘူး..အရင်ကလည်း အခြားဆိုဒ်တွေမှာAdminအနေနဲ့ ဝင်ရေးပါတယ်
ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင်ဆိုဒ်လေးတစ်ခုပေါ့။
ကိုယ်ပိုင်ဆိုဒ်တစ်ခု ထောင်ထားဖို့ ဆိုတာကလည်း လွယ်တာမဟုတ်ပါဘူး
ဘာကြောင့်လဲ..ဆိုဒ်ထောင်ထားပြီးမှ ဒီအတိုင်းပြစ်ထားလို့ မရဘူး
ကိုယ်တင်ထားတဲ့ နည်းပညာနဲ့ ဆော့ဝဲတွေဟာ လာရောက်လည်ပတ်တဲ့သူတွေ
နှစ်သက်ရမယ် အဓိကအားဖြင့် အားပေးတဲ့သူတွေနဲ့  အပြစ်ကင်းအောင်လုပ်ရမယ်
မိမိအတွက် ရသမျှအချိန် ဆိုဒ်မှာပဲထားရမယ်(ကျနော်တွေ့ ဖူးတဲ့ဘလော့ကာညီကိုတွေပါ)
ကျနော်ပြောတာနဲနဲလွန်သွားမလားမသိဘူး ဟုတ်ပါတယ် ကိုယ့်အတွက် ရတဲ့အချိန်ဟာ
ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်ထဲမှာနစ်မြောထားရတာမျိုးပါ 
ကျနော့ရဲ့  နည်းပညာ ညီကိုတွေထဲက ကျနော်အရမ်းလေးစားရတဲ့သူတစ်ယောက်ရှိပါတယ်
သူ့ နာမည်က မောင်(စွယ်စုံကျမ်း) ပါ။ မလေးရှားမှာ အလုပ်တစ်ဖက်နဲ့  ဒီလိုနည်းပညာတွေကို
မျှဝေပေးနိင်တာ အံ့သြစရာပါပဲ သူ့ အကြောင်း အပြည့်အစုံကိုသိချင်ရင်တော့ 
သွားတာကြည့်ပေတော့ဗျာ။
ကျနော်လည်း ဘာထူးလဲ အလုပ်တဖက်နဲ့  ရသမျှအချိန်အကုန်လုံး ဒီအလုပ်တွေပဲလုပ်နေတာ
ကဲ..ဟုတ်ပြီ..ကျနော်ဘာကြောင့်ဒီလိုအလုပ်တွေလုပ်နေရတယ် 
ကျနော်ဘာကိုရည်ရွယ်ပြီး လုပ်နေတယ်
နောက်ပြီး လာရောက်လည်ပတ်တဲ့ ညီကိုမောင်နှမတွေနဲ့ လည်း ဘယ်လိုဆက်ဆံသွားမယ်ဆိုတာနဲ့ 
ကျနော့ရဲ့ အကြောင်း အပြည့်အစုံက..ဒီလို...
အရင်ဆုံးကျနော့ရဲ့ နာမည်နဲ့ ကျနော့်ရဲ့ ဘ၀တစ်လျှောက်ဖြတ်သန်းလာပုံကိုပြောပြပါမယ်။
                                                       K-NON
ကေနွန် ဆိုတဲ့နာမည်က ကျနော့ရဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ အကြောင်းအရာထဲမှ
ယူထားတဲ့ နာမည်ပါ..ကျနော်ကြိုက်တဲ့နာမည်ပေါ့။ နာမည်အရင်းက ခိုင်စိုးဦး ဖြစ်ပါတယ်။
ကျနော့ကို အပြင်မှာရော လိုင်းပေါ်မှာရော ခိုင်စိုး လို့ ပဲခေါ်ကြ၊သိကြပါတယ်။
အသက်က၂၁နှစ်ဖြစ်ပြီး၊ မကွေးတိုင်း၊တောင်တွင်းကြီး၊ နယ်ဘက်မှာနေတဲ့တောသားတစ်ယောက်ပါ။
ကျနော်အခု Malaysiaမှာ အလုပ်လုပ်နေပါတယ်။
                         ကျနော့ရဲ့ ဝါသနာ
ကျနော် ငယ်ငယ် ခလေးဘ၀ကတည်းက အကြီးမားဆုံး ၀ါသနာတစ်ခုရှိခဲ့ပါတယ်။
mechanician နဲ့ electric (စက်ပစ္စည်း နဲ့ လျှပ်စစ်)ပိုင်းဆိုင်ရာကို ၀ါသနာကြီးတယ်။
ခလေးဘ၀တုန်းကတော့ ဘာသိမှာလဲ..တွေ့ သမျှ စက်ပစ္စည်းအကုန် လျှောက်ကလိတယ်
ခလေးအတွေးနဲ့ ပေါ့ အခု အသက်ကြီးလာတော့လည်း ဗီဇက ဖြောက်လို့ မရပါ..ကလိချင်တဲ့
ဝါသနာက မိဘတွေအမြင်ကပ်လောက်အောင်ပါပဲ။
                               Malaysia
မလေးရှားကိုရောက်လာတော့ တိုးတက်လာပါတယ်..internet and Network ပိုင်းဆိုင်ရာကို
လေ့လာခွင့်ရခဲ့တယ်။ အလုပ်တဖက်နဲ့ ပေါ့ ကျနော်စပြီး လေ့လာတုန်းကဆိုရင် 
အိပ်ဖို့  စားဖို့ တောင်မေ့လျော့ခဲ့တာ လူလည်း လူရုပ်နဲ့ မတူတော့ဘူး
ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို အချိန်စောင့်ဆိုင်းမနေချင်တဲ့ ကျနော့ရဲ့ စိတ်ဓါတ်ကလည်း
ဆိုးတယ်လို့ ပဲ ပြောရမလားမသိ.။ကျနော့ရဲ့ ရည်မှန်းချက် မပြည့်မှီအချိန်အတွင်းကတော့
အိပ်စက်ခြင်းဆိုတာကိုလည်း မုန်းတီးနေခဲ့ရပါတယ်။ အခုပဲကြည့်လေ.ကိုယ်ပိုင် ဆိုဒ်တစ်ခု
ထောင်လိုက်ပြန်ပြီ။ အခုနောက်ပိုင်းတော့ အရင်ကလောက်မဆိုးတော့ပါဘူး
ကိုယ့်ကျမ်းမာရေးကိုယ် ထိန်းသိမ်းတတ်လာပါပြီ..ဒီဆိုဒ်လေးကိုလည်း တတ်နိင်သလောက်
ရေးသွားမယ်လို့  ဆုံးဖြတ်ထားပါတယ်..။
ဘယ်လို လေ့လာသလဲဆိုတာကို မေးလာပါလိမ့်မယ်.
ကျနော်သင်တန်းတွေမတက်ဖူးပါဘူး ကျနော်တတ်ထားတဲ့ပညာတွေဟာ လိုင်းပေါ်ကနေတစ်ဆင့်
အပြင်မှာလက်တွေ့ လုပ်ကိုင်ရင်းနဲ့  တတ်သင့်သလောက် တတ်ထားခဲ့ပါတယ်။
ကျနော့ထက်တတ်ကျွမ်းတဲ့ နည်းပညာညီကိုတွေဆီက လေ့လာခဲ့ပါတယ်။
ကျနော့်ရဲ့  အာရုံစူးစိုက်မှုကလည်း သူများနဲ့ မတူ လို့ ပါပဲ..ကွန်ပြူတာသင်တန်းတွေမတတ်ခဲ့ပေမယ့်
ကျနော့ရဲ့ ကံကြမ္မာကပဲ ဦးစားပေးခဲ့တာလားမသိ ဒီအလုပ်တွေနဲ့  အံဝင်ဂွင်ကျဖြစ်ခဲ့တယ်။
ကွန်ပြူတာအခြေခံကနေစပြီး တတ်မြောက်ခဲ့ပါတယ် ကွန်ပြူနဲ့ အတူ phoneပိုင်းဆိုင်ရာမှာတော့ အထူးလေ့လာစရာမလိုပါဘူး ကွန်ပြူတာအခြေခံတတ်ထားသူလူတစ်ယောက်ဟာ ဖုန်းတစ်လုံးကိုင်တတ်ဖို့ ဆိုတာမခက်တော့ပါဘူး။ ဖုန်းမျိုးစုံအတွက်လည်း လိုအပ်သလောက် နည်းပညာနဲ့ ဆော့ဝဲလေးတွေ တင်ပေးသွားမှာပါ။ အခုဆိုရင် သင်တန်းတွေမှာ သင်ပြပေးနိင်
လောက်တဲ့ ဆရာတစ်ယောက်ရဲ့ အရည်အချင်းမဟုတ်ပေမယ့်။
 အခြေခံကနေ လေ့လာနေတဲ့ ညီကိုမောင်နှမတွေကိုတော့ တစ်နေရာရာက သင်ပြပေးနိင်လောက်မယ်ထင်ပါတယ်။ 

        ကေနွန်(နည်းပညာ) Bloggerလေးကို ဖွင့်ထားရတဲ့ အဓိကရည်ရွယ်ချက်
ဒါကတော့ အရေးကြီးမယ်ထင်ပါတယ်နော်. ဘာဖြစ်လို့ လဲဆိုတော့ Bloggerညီကိုတိုင်းကတော့
တစ်ယောက်ရဲ့ ခံစားချက် တစ်ယောက် သိကြမှာပါ။ ကျနော့်ကိုယ်တွေ့ ကိုပြောရရင်
ကျနော်တို့ လို Bloggerသမားတွေဟာ တစ်ခါတစ်လေမှာ အများစုအထင်လွဲခြင်းကိုလည်း
ခံရတတ်ပါတယ် (ဥပမာ) လာရောက်လည်ပတ်တဲ့ လူတွေထဲက တစ်ချို့ ဆိုရင် ဆဲဆိုသွားသေးတယ်
(မင်းတို့ က Bloggerလေးထောင်တတ်ရုံလောက်နဲ့  Linkတွေချိတ်ပြီး လုပ်စားနေကြတယ်)
အဲဒါက အဓိကပြောနေကျစကားလုံးတွေပါ
Linkချိတ်ပြီး ပိုက်ဆံ၇ှာတယ်ဆိုတာက ရှာလို့ ရပါတယ် ရှာတဲ့လူတွေလည်းရှိတာပေါ့ဗျာ
ရိုးရိုးသားသားနဲ့  နည်းပညာတွေ မျှဝေနဲ့ တဲ့သူတွေကြတော့ အခံရခက်တယ်လေ
ဒီအကြောင်းတွေအတွက် ကျနော်အများကြီးလည်းမပြောတော့ဘူးဗျာ 
တကယ့်စိတ်ရင်အမှန်နဲ့  လုပ်နေတဲ့Bloggerသမားတွေကို လေ့လာမယ်ဆိုရင်
မောင်(စွယ်စုံကျမ်း)  ဆိုတဲ့လူကို တစ်ချက်လောက်လေ့လာကြည့်ပေတော့ဗျာ
ကျနော်လည်း မောင်(စွယ်စုံကျမ်း) နဲ့ ဆွေမျိုးမတော်စပ်ပေမယ့် နည်းပညာပိုင်းဆိုင်ရာမှာတော့
ညီကိုတွေပါပဲ။ သူ့ ဆိုဒ်မှာက အခုနောက်ပိုင်းမှာ ပရဟိတအလုပ်ကိုဦးစားပေးထားတယ်.
သူ့ အကြောင်းကို ကျနော်အကုန်သိပြီးသားပါ လူရင်းတွေဖြစ်နေပြီလေ သူလည်းမလေးရှားမှာနေတာ
ဆိုတော့ ကျနော်နဲ့ နီးတယ်။
ကျနော် ဒီဆိုဒ်လေးကို ထောင်ထားရခြင်းကတော့ အဓိက ကျနော့ရဲ့ ဝါသနာပါ။
ဒီအလုပ်တွေလုပ်နေရတာ ကျနော်ပျော်တယ်ဗျာ..လူပင်ပန်းတာကိုတောင်ဂရုမစိုက်ပါဘူး
ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို လုပ်နေရတော့ လူ့ လောကထဲမှာ နေရကျိုးနပ်လိုက်တာ။
တစ်ချိန်ချိန်မှာ ဒီပညာတွေဟာ ကိုယ့်အတွက် တစ်နေရာရာကနေ့ အကျိုးပြုလိမ့်မယ်လို့ 
ရည်ရွယ်ထားပါသေးတယ်။
ကျနော့ရဲ့  ဆိုဒ်လေးကိုလာရောက်လည်ပတ်ကြတဲ့ ညီကိုမောင်နှမတွေကိုလည်း
ကျနော်ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပါတယ်။ ကျနော့ရဲ့ စိတ်ရင်းအမှန်ကိုလည်း မသိကြမှာစိုးရိမ်တယ်ဗျာ.
အားလုံးနဲ့  တိုင်တိုင်ပင်ပင်နေသွားချင်တယ် တစ်ယောက်မသိတာရှိရင် တစ်ယောက်ကမျှဝေ
iTခေတ်မှာ ရွှေမြန်မာအားလုံးကို တိုးတက်စေချင်တယ်...သူများနိင်ငံတွေကိုကြည့်ပြီး
ကိုယ့်နိင်ငံအတွက် စိတ်မကောင်းဖြစ်မိတာလည်း ကျနော်နှင့်တကွ မြန်မာလူမျိုးအများစုပါပဲ.။
ဒီနိင်ငံမှာဆိုရင် ခလေးပေါက်စက အစနည်းပညာတိုးတက်နေတယ်လေ။
ကျနော် နိင်ငံခြားမှာနေရတယ်ဆိုပြီး ဘ၀င်မြင့်တာတော့မဟုတ်ပါဘူးနော်..။
ကျန်တာတော့မပြောတော့ဘူးဗျာ..မြန်မာနဲ့  မလေးရှားနဲ့  ဘောလုံးကန်တာ မြန်မာမနိင်မှန်းသိရဲ့ 
သားနဲ့ တောင် မြန်မာဟေ့..ဆိုပြီး ပွဲပြီးအောင် အားပေးခဲ့ပါတယ်။
မြန်မာလူမျိုးတစ်ယောက်ရဲ့ သွေးနဲ့ ဇာတိက ဘယ်လိုနေနိင်မှာလဲဗျာ.။အထင်လွဲမှာစိုးလို့ ပါ
မြန်မာကမြန်မာပဲ အခြားနိင်ငံတွေနဲ့ မတူအောင် တမူထူးခြားတယ် လူမူရေးတွေရှိတယ်
ဘာသာရေးကိုင်းရှိုင်းတယ်၊ တစ်ဦးပေါ်တစ်ဦးကူညီဖေးမမူတွေရှိတယ် 
အခြားနိင်ငံတွေ တိုးတက်တာက တိုးတက်ရုံပဲ လမ်းပေါ်မှာလဲကျနေတဲ့ လူတစ်ယောက်ကို
ကားမောင်းလာတဲ့လူတစ်ယောက်က ကားဟွန်းတီးတယ်ဆိုတာ လမ်းဖယ်ပေးဖို့ သက်သက်ပဲ
ကူညီဖို့ မပါဘူး လူမူရေးမရှိကြဘူး။ ကိုယ့်အလုပ်ပြီးစီးဖို့ ကအဓိကပဲ..
ကဲ..ပြောရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိတော့ဘူးP:
ဒီတော့ ကျနော်ဖြစ်စေချင်တာက ကျနော့ရဲ့ ဆိုဒ်လေးကိုလာရောက်အားပေးတဲ့သူငယ်ချင်းကိုတွေ
အဓိကပြောချင်တာက ဆိုဒ်မှာလိုအပ်တာ အမြင်မတော်တာရှိရင် ကျနော်နဲ့ တိုင်ပင်နိင်ပါတယ်
ဆဲတော့မဆဲနဲ့ နော် ဆဲတာကလွယ်တယ်ဗျ လိုင်းပေါ်မှာပြောချင်တဲ့စကားလုံးကို ကီးဘုတ်မှာ
ရေးပြီးEnterခေါက်လိုက်ရုံနဲ့  သက်ရောက်မူရှိနေတယ်လေ ဒါပေမယ့် လိုင်းပေါ်မှာလည်း
လူမူရေးတွေရှိနေတယ်နော်..တစ်ယောက်နဲ့ တစ်ယောက်လေးစားယုံကြည့်မူတွေရှိနေတယ်
ဒါကြောင့်ကျနော်လည်းလေးလေးစားစားလုပ်ပါ့မယ်။
အားလုံးပဲ ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင်နဲ့  နည်းပညာတွေမျှဝေသွားကြရအောင်နော်..
 


                                                    ကေနွန်

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော