အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Saturday 19 July 2014

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း

              



   

 Lenovo A516 Android 4.2.2 ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း လေးကို
သူငယ်ချင်းတစ်ယောက်ကတောင်ဆိုထားလို့ ရှာဖွေပြီးတင်ပေးလိုက်ပါတယ် ဗျာ ကျွန်တော်တော့မ
စမ်းရသေးပါဘူ:-D Lenovo ဖုန်းလဲမရှိတော့ ဆရာတွေရဲ့ဆိုဒ်ကနေပဲရှာပြီးတော့တင်ပေးလိုက်ပါ
တယ်။ဒီ post ကိုရေးထားတဲ့ အကို လွင်မင်းဗိုလ်(နည်းပညာ)  ကိုဒီကနေ credit ပေးပါတယ်ဗျာ


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



 

ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။




                            လိုအပ်သောဆော့ဝလ် နှင့် လုပ်နည်းကို

                                                ဒီမှာ    သွာရောက်လေ့လာလုပ်ဆောင်လိုက်ပါဗျာ

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော