အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Tuesday 15 July 2014

✏Memory stick ပြုပြင်​နည်း✏

-ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်-

-သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format
ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-

-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-

-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်

 DOWNLOAD 

 DOWNLOAD 

Credit to ko zaw thwin


Posted via Blogaway

1 comments:

Unknown said...

write error: can't clear partition table. လို့ပဲ ပေါ်နေတယ်။

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော