အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Monday 26 August 2013

လွတ်လပ်ခွင့်....


သစ္စာရှိပါလို့  ပြောနေပေမယ့်
ငါကိုယ်တိုင်ဘာမှန်းမသိတဲ့  ဒီသစ္စာ
ကြာလာတော့လည်း အနှစ်မပါတဲ့  ကြက်ဥလိုပဲ
စားရတာ ပေါ့ပျက်ပျက်နဲ့  အရာသာတွေမဲ့ လွန်းတယ်................


ဒဏ်ရာဒဏ်ချက်တွေ များခဲ့ လို ထင်ပါတယ်
ခံစားချက်တွေက မတန်မရာ ဖြစ်နေတယ်
အဖန်ဖန်နာကျင်နေလည်း အတတ်ဆန်းချင်သေးတယ်
ငါကအချစ်ကို ပေါ့ပေါ့လေးရေး  ပြီးတော့
ကလေးတစ်ယောက်လို ပေါ့ပေါ့လေးပဲ တွေးခဲ့ မိတာ
ငါ့အချစ်က ရိုးရှင်းတယ် နင့်ဆီက ဘာမှကိုမလိုချင်ခဲ့ ဘူး.....................

ငါ့အတွက်နဲ့ တစ်စုံတစ်ယောက်
ဘယ်တုန်းကမှ အသဲမကွဲခဲ့ ဖူးဘူး
ဘယ်သူမှလည်း စိတ်မညစ်ခဲ့ ဖူးဘူး
တစ်စုံတစ်ယောက်ကပဲ ငါ့အသဲကို ပက်ပက်စက်စက်ခွဲခဲ့ ကြတာ.............


ဒါပါပဲဗျာ ....
အချစ်ဆိုတာ ငါအတွက်တော့
နာကျင်မူကလွှဲပြီး  ဘာမှမရလိုက်ပါဘူး
ချစ်ခြင်းတွေ နေဝင်သွားတဲ့  ဒီနှလုံးသား
အရာအားလုံး အမှောင်ဖုံးသွားတယ်
ဒါပေမယ့် ငါလွှတ်လပ်စွာ ပျော်ရွှင်ခွင့်ရသွားတယ်.......................။
 
 
ဖိုးခွားလေး (ကောမှူးမြို့ )

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော