အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Sunday 25 August 2013

နောက်ဆုံး..........

ယောင်္ကျားမျက်ရည်   မြေမကျကောင်းလို့
ခေါင်းအုံးပေါ်က   မျက်ရည်စက်တွေရဲ့
သမိုင်းကိုသိခဲ့ရင်ရော  နင့်ရဲ့ရက်စက်မှုပါဝါတွေ
ယုတ်လျော့သွားမတဲ့လား
မထင်ပါဘူး   ကောင်မလေးရယ်........။

လမိုက်ည  ကောင်းကင်မှာသာတဲ့
ကြယ်တစ်ပွင့်ကြောင့်   အရောင်တွေ
လင်းလက်ချင်  လင်းလက်သွားလိမ့်မယ်
ကျခဲ့တဲ့  ငါ့မျက်ရည်တစ်စက်အတွက်နဲ့တော့
နင့်ရဲ့ အကြင်နာအရောင်တွေ
သန်းမလာနိုင်တော့ပါဘူး   ကောင်မလေးရယ်........။

စည်းခြားထားတဲ့   ပကာသနနဲ့
ပိုင်းခြားထားတဲ့အသိုင်းအဝိုင်းတွေကြောင့်
အရောင်စွန်းထင်းခဲ့တဲ့   ငါ့နှလုံးသားကို
နင်နဲ့  အဝေးဆုံးတစ်နေရာမှာပဲ
အဆုံးသတ်လိုက်တော့မယ်
ကောင်မလေးရယ်...............။
                            

          
                                              ပုသိမ်သား

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော