စတွေ့ တုန်းကပေါ့
အပြုံးလှလှလေးနဲ့ မိတ်ဆက်
ငါ့နှလုံးသားကို ဆေးရောင်လှလှခြယ်
အရောင်မိန်တော့မှ အခုတော့လေ
အမုန်းတံဆိတ်ခပ် နှိပ်လို့ 
သေရာပါအမှတ်အသားအဖြစ် နင်ပေးခဲ့ သေးတယ်
ရင်ခွင်တစ်ခုလုံး အမုန်းcolour လွမ်းလို့ 
အက်ဆစ်နဲ့ အပက်ခံရသလို
ရဲရဲတောက်နီမြန်းကုန်တယ်................။
နင် အသည်းခွဲတာ မဟုတ်ဘူး
ငါကအသည်း ကွဲလွယ်တာလား
နင်လိုချင်တာမဟုတ်ဘူး ငါကိုကပေးချင်တာ
နင်ခေါ်ထားတာမဟုတ်ပါဘူး
ငါကိုက နင့်အနားက မခွဲနိုင်တာ
ငယ်ငယ်ကပေါ့ ဆရာမရိုက်ခဲ့ တဲ့  အချက် ၁၀၀
ရင်မခုန်ခဲ့ သလို့  ဝမ်းနည်းစိတ်လေးကိုမ ဖြစ်ခဲ့ ဘူး
အခုဘာမဟုတ်တဲ့  နင့်ရဲ့လမ်းခွဲစကားတစ်ခွန်းလေးကြောင့်
ကြိုးစားပြုံးထားပေမယ့် ထိန်းမရအောင်ကျတဲ့ မျက်ရည်
ငါကိုယ်တိုင် မယုံအောင်အောင် အံသြမိတယ်....................။
သြော်.......
မျက်ရည်ကျတယ်ဆိုတာကလည်း
အသားနာတာထက် အသည်း နာမှကျတတ်တာကိုး
ငါမသင်ပဲတတ်လိုက်ပါတယ် ကောင်မလေးရေ
အသားနာအောင်ပဲ လုပ်လိုက်ပါ
အသည်းနာအောင် မလုပ်ပါနဲ့ 
မျက်ရည်ကျလွန်းလို့ ပါ........................... ........။
ဖိုးခွားလေး(ကော့မှူးမြို့ )
0 comments:
Post a Comment