
ကဗျာမရွတ် တဲ့ 
ကဗျာဆရာ တယောက်အကြောင်း
ပန်းမကြိုက်တတ် တဲ့
ကဗျာဆန်ဆန် ကောင်မလေးတယောက်
တောင်ဝင်ရိုးဇွန်းကခေါ်သံသဲ့ သဲ့ 
မြှောက်ဝင်ရိုးဇွန်းက ခေါ်သံ ကြားနေရသလို
မချစ်တတ်တဲ့  နင်နဲ့ အချစ်ငတ်တဲ့  ငါ..
ကံကြမ္မာ အလွှဲမှားက နင့်နဲ့  ငါ့ကို
မှားယွင်းစွာ ဆုံဆည်းခဲ့ စေတယ်
လွှဲမှားတဲ့  မာနတွေ နဲ့ 
သဘောထားတွေ ကွဲလွှဲ ခဲ့ ကြတယ်
နင်ကြားမိမလား ချစ်သူ
အခုလေ.. ညနက်နက်သန်းခေါင်ယံမှာ
အလွမ်းကဗျာတွေ ညည်းတတ်နေပြီ
ဒီလောက်ပါပဲ ချစ်သူ
အချိန်တန်တော့ အိမ်ပြန်ရတယ်
အလွမ်းတွေကို နုတ်ဆက်ခြင်းတွေနဲ့ 
အဆုံးသက်ရင်း သံယောဇဉ်အပိုင်းစ တချို့ ကို
တစစီ ပြန်ကောက်သီရင်း ငါလာရာ လမ်းကို
ပြန်ရတော့ မယ်ချစ်သူ
နှလုံးသား ဒဏ်ရာ တချို့ နဲ့ ပေါ့ လေ
ဖိုးခွားလေး (ကော့မှူးမြို့ )
0 comments:
Post a Comment