အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Monday 26 August 2013

ငါ့ရဲ့ ဆန္ဒ.......

ချစ်သူ...

ဥယာဉ်မှူး တ ယောက် ရဲ့ 

လျစ်လျူရှူခြင်း ခံရတဲ့ အခါ

ပန်းလေးတွေ လောင် ဒဏ်မခံနိုင် ပဲ

မြေခလို့  ကြွေကျရသေးတာပဲ



နင့်ရဲ့  ဥပေက္ခာကို ခံရတဲ့  ငါ့ရင် ခွင် လည်း

မလွမ်းပဲ ရှိနိင် ပါ့မလားချစ်သူ

ရင် တခုလုံး ဒဏ် ရာအပြည့်နဲ့ 

အလွမ်းတွေအားလုံးကို

ငါတ ယောက်တည်း သိမ်းကြုံးယူငင် ရင်း

အဆိုးဆုံး ဝေဒနာ အဖြစ်နဲ့ 

အသဲကွဲ ဝေဒနာ ကို ငါခံစားနေရပြီ



ချစ်သူ....

နောက်နောင် နာကျင်ခြင်းတွေ

ထက် မ ပေးပါနဲ့  တော့လား

ငါ့ရင် ကိုအချစ်တွေ ပေါက်ဖွားစေခဲ့ တာ နင်

နောက်ဆုံးဝေးရမယ်ဆိုရင်တောင်

ငါလေ နင့်ကို သက်ဆုံးတိုင် ချစ်သွားချင် တယ်



နင့်ရဲ့ ရင် ခွင် နွေးနွေးလေးမှာ

လွမ်းဆွေးခြင်းတွေ မရှိပဲ

ထာဝရ အိပ်စက်သွားချင် တယ်

အဆင် မ ပြေမှုတွ ပိတ်မှောင်နေတဲ့ 

ငါ့ဘဝရဲ့  အ မှောင် ထုတွေထဲ

နင့် ကို ခေါ်ဖို့ လည်း မဝံရဲသလို

စွန့် လွှတ်ဖို့  ကလည်း မဖြစ်နိုင်ဘူး ချစ်သူ



ချစ်သူရေ...



လေပြင်းမုန်တိုင်း တိုက်ခက်ပြီး

ကောင်း ကင်ပြာပြာကြီးနဲ့  သာယာလှပလာတဲ့ အခါ

ငါတို့ ရဲ့  ချစ်အိမ်လေး ယုံကြည်ခြင်းတွေနဲ့ 

တည်ဆောက်လို့  မင်းအနားမှာ ထာဝရ ပေးဆက်ရင်း

ဒီတသက်လုံး ချစ်သွား ချင် တာငါ့ရဲ့  ဆန္ဒပါ ချစ်သူ ဒါ ငါ့ရဲ့  ဆန္ဒပါ





ဖိုးခွားလေး(ကော့မှူးမြို့ )

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော