အွန်လိုင်းပရဟိတ အဖွဲ့

လိုအပ်တဲ့ နည်းပညာ နဲ့  ဆော့ဝဲမျိုးစုံကို အောက်ကအကွက်မှာ နာမည်ရေးပီးရှာလိုက်ပါ

ဝါသနာတူသူငယ်ချင်းများ နှင့် ဖတ်ရှုအားပေးကြသော ညီအကိုမောင်နှမ မန်ဘာဝင်များ

လရောင်ဆန်း မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အောက်ကcbox လေးထဲမှာအမှတ်တရ အမှာစကား လေးများ ပြောကြားခဲ့နိုင်ပါသည်

Sunday, 25 August 2013

အချစ်ဆိုသည်မှာ...

မျက်လုံးတွေဖွင့်ရက်သားနဲ့တောင်
အခြားဘာမှမမြင်ဘဲ
နင့်တစ်ယောက်ပဲမြင်နေတယ်။
ဘာကြောင့်ပါလိမ့်?
မျက်စိတွေမှိတ်လိုက်တာတောင်
နင့်မျက်နှာကိုရှင်းရှင်းကြီးတွေ့နေရတာ
အကြားအမြင်ရနေသလိုပဲ။
ဘာကြောင့်ပါလိမ့်?
ပျင်းလို့သီချင်းနားထောင်တိုင်း
သီချင်းဆိုနေတဲ့အဆိုတော်က
နင်ဖြစ်ဖြစ်သွားတတ်တာ။
ဘာကြောင့်ပါလိမ့်?
ဘာကိုမှအမှတ်မထားတတ်တဲ့ငါက
နင်နဲ့ပက်သက်တဲ့အရာတွေ့တိုင်း
ငေးငေးငိုင်ငိုင်နဲ့နင့်ကိုသတိရမိတာ။
ဘာကြောင့်ပါလိမ့်?
အမှတ်မထင်နင့်ဘက်လှည့်မိလို့
ငါ့ကိုငေးနေတဲ့နင့်အကြည့်နဲ့ဆုံတိုင်း
ငါ့နှလုံးခုန်သံငါပြန်ကြားရတတ်တာ။
ဘာကြောင့်ပါလိမ့်?
နင်နဲ့အတူတွဲလျှောက်ရတိုင်း
နင်နဲ့အတူစကားပြောရတိုင်း
ငါ့ကိုယ်ငါတောင်မသိပဲကြည်နူးမိတာ။
ဘာကြောင့်ပါလိမ့်?
အချိန်တွေတိုင်းသတိရပြီး
ငါ့အိပ်မက်ထဲနင်ကဇာတ်လိုက်
ခပ်မိုက်မိုက်နဲ့စိုးမိုးခဲ့တာ။
ဘာကြောင့်ပါလိမ့်?
နင်ငါ့ကိုပြောပြတယ်
အဲဒါအချစ်တဲ့ ကြောက်စရာပါလား!
ရူးလောက်တယ်နော်!
နောက်ထပ်စဉ်းစားမိပြန်တယ်။
အချစ်ဆိုတာဘာလဲ?
ဒီလောက်ရူးမတတ်စဉ်းစားရမှတော့
အဖြေကတစ်ခုတည်း ရှင်းရှင်းလေး။
အချစ်ဆိုသည်မှာ…………

ရူးစေတတ်သောအရာ!                                                                သက်ပျိုးအိမ်(ထားဝယ်)

0 comments:

Post a Comment

တစ်လအတွင်းရေးခဲ့သောပိုစ်များ

Popular Posts

လိုချင်တာ ရှာဖွေဖို့ အတွက်ခေါင်းစဉ်

လတ်တလော လူဖတ်အများဆုံး ပိုစ်များမှာ

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

ရေးသားခဲ့သမျှ လူဖတ်အများဆုံး ခေါင်းစဉ်များမှ

စာအုပ်တွေ Download ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်

ဤဆိုဒ်တွင်လေ့လာထားသင့်သော