မရေရာတဲ့  မနက်ဖြန်ကိုစောင့်မျှော်ရင်း
မျှော်လင့်ချက်တွေ ဝေဝါးကုန်တယ်
မပြည့်နိုင်တဲ့ ဆုကိုပဲ ဘုရားမှာ
အကြိမ်ကြိမ်တောင်းနေမိတယ်
ချစ်သူနဲ့  အမြန်ဆုံးဆုံဆည်းရပါလို့ ၏ ဆိုတာကိုပေါ့
ပုံသေသတ်မှတ်လို့  မရတဲ့ အချစ်ကို
တထစ်ချယုံကြည်ရင်း ရင်ဘက်ကြီနဲ့  ချစ်ခဲ့ မိတယ်
အယုံလွယ်သူပဲ ပြောမလား
ပုံပြင်ကြိုက်သူပဲ ပြောမလား
မမြင်ရပဲ ရင်နဲ့ ရင်းပြီး ချစ်မိလိုက်တယ်
မင်းရင်ခွင်မှာ အချစ်ဆူးစူးလို့  ငိုနေရသလား
ငါ့ရင်ခွင်မှာ မင်းစိုက်ခဲ့ တဲ့  ချစ်အဆိပ်ပင်
အကိုင်းအခတ်လက်တွေ ဝေဆာ အသဲနံရံတွေ လိုက်စားလို့ 
သွေးရည်ကျဲကျဲ ရင်ထဲမှာ စီးကျနေရင်း
ငါ့နှလုံးသား အဆိပ်သင့်ခဲ့ တာနင်မြင်နိုင်မလား ချစ်သူ
မငိုခဲ့ ပါဘူး နင်စိတ်မကောင်းမှာ ဆိုးလို့ 
လမ်းခွဲစကား တစ်လုံး ကြားမိလိုက်တိုင်း
ငါ့ရင်ထဲကမ္ဘပျက်သလို ဆို့ နှစ်ကြေကွဲ ရင်ကွဲမတတ်ပေါ့
မကြားချင်တယ်တဲ့ ဒီစကားနားထဲချော်ရည် လောင်းသလို
အချစ်စိတ်တွေ ပေါက်ကွဲ နောက်ဆက်တွဲဖြစ်ရက်တိုင်းက
မမြင်ရတဲ့  အချစ်ကို ငါဘယ်တော့မှ မချစ်မိအောင်ကြိုစားပါတော့မယ့်
ဟိုး..........တနယ်တကျေးက မမြင်ရတဲ့  ချစ်သူရယ်
ဖိုးခွားလေး (ကော့မှူးမြို့ )
0 comments:
Post a Comment