မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ 
မျက်ဝန်းအိမ်မှာ အလွမ်းငွေ့ တွေဖုံးလို့ 
လောကကြီး ခဏရပ်တန့် သွားသလို
ရင်ခုန်ခြင်းတွေ စိတ်သုဉ်းပျောက်ကွယ်သွားတယ်....
အေးစက်စက်အပြုံးတစ်ချက်အောက်သွေးပျက်မတက် ရူးခဲ ရတဲ့ကောင်လေးတယောက်အနမ်းတွေလည်း မရှိခဲ့ ဘူးပန်းတွေလည်းမပေးခဲ့ ဘူးအလွမ်းတွေကတော့ နေရာအနှံ ပေါ့လေအရိုးသားဆုံး ချစ်တဲ့ သူက အရူးရဆုံးဖြစ်နေတာလား..........
ငါ့အရှေ့ က တရေးရေးပျောက်ကွယ်နေတဲ့ နင့်ခြေရာရင်ခွင်မှာ ရေပြင်လှိုင်းထလို အသဲနံရံတွေကိုပုတ်ခတ်စုတ်ပြတ်ကု
အေးစက်လွန်းတဲ့  ဒီဇင်ဘာဇာတ်လမ်းကတပိုင်းတစ နိုင်းမရတဲ့  ဝေဒနာတွေနဲ့ အတူအလွမ်းရက်ရှည်အောင် တခန်းရက် သွားခဲ့ တာအချစ်ဆိုတာ ဒါပဲလားလို့  အေးစက်စက် ဒီဇင်ဘာကိုလှမ်းကာမေးလိုက်တယ် မေးခွန်းတွေသာလောကတခုလုံးပဲ့တင်ရိုက်ခက်သွား
ဖိုးခွားလေး ( ကော့မှုးမြို့ )
0 comments:
Post a Comment